ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်နိုင်ရေး ကြိုးစားနေဆဲ တရုတ်နိုင်ငံသို့ မြန်မာက လူသားချင်းစာနာမှု အကူအညီအဖြစ် ဆန်တန်ချိန် (၂၀၀) ထောက်ပံ့မည်

ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်နိုင်ရေး ကြိုးစားနေဆဲ တရုတ်နိုင်ငံသို့ မြန်မာက လူသားချင်းစာနာမှု အကူအညီအဖြစ် ဆန်တန်ချိန် (၂၀၀) ထောက်ပံ့မည်
ဖေဖော်ဝါရီ 15, 2020
By Tachileik News Agency

ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်နိုင်ရေး ကြိုးစားနေဆဲ တရုတ်နိုင်ငံသို့ မြန်မာက လူသားချင်းစာနာမှု အကူအညီအဖြစ် ဆန်တန်ချိန် (၂၀၀) ထောက်ပံ့မည်

COVID 19 (ကိုရိုနာဗိုင်းရပ်စ်) ထိန်းချုပ်နိုင်ရန် ကြိုးစားနေဆဲဖြစ်သည့် အိမ်နီးချင်း တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံက လူသားချင်းစာနာမှု အကူအညီအဖြစ် ဆန်တန်ချိန် (၂၀၀) ပေးပို့သွားရန် စီစဉ်နေကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ဖြစ်ပွားခဲ့သည့် ဗိုင်းရပ်စ်အသစ် ကိုရိုနာ (COVID 19) မှာ လက်ရှိအချိန်ထိ ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ တရုတ်နိုင်ငံအပြင် အခြားနိုင်ငံများသို့ပါ ကူးစက်နေရာ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့အထိ စာရင်းများအရ တရုတ်ပြည်မကြီး တစ်ခုထဲတွင် ကူးစက်ခံထားရသူပေါင်း (၆၆၄၉၂) ဦးအနက် (၁၅၂၃)ဦးမှာ သေဆုံးခဲ့ရခြင်းဖြစ်သည်။

COVID 19 (ကိုရိုနာဗိုင်းရပ်စ်)ထိန်းချုပ်နိုင်ရေးအတွက် ကမ္ဘာ့အရေးပေါ်အခြေအနေအဖြစ် WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး)က ကြေညာထားရပြီး ရောဂါအဓိကဖြစ်ပွားနေရာ တရုတ်နိုင်ငံသို့ နိုင်ငံတကာမှ လူသားချင်းစာနာမှု အကူအညီများ ပေးပို့နေကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - MOFA Myanmar

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~