ထိုင်းနိုင်ငံတွင် အွန်လိုင်းလောင်းကစားလုပ်ငန်း အတွက် Facebook မှ တစ်ဆင့် ကြော်ငြာဖြင့် ဆွဲ‌ဆောင်ပေးသည့် Onlyfans မော်ဒယ်တစ်ဦး အဖမ်းခံရ

ထိုင်းနိုင်ငံတွင် အွန်လိုင်းလောင်းကစားလုပ်ငန်း အတွက် Facebook မှ တစ်ဆင့် ကြော်ငြာဖြင့် ဆွဲ‌ဆောင်ပေးသည့် Onlyfans မော်ဒယ်တစ်ဦး အဖမ်းခံရ
By Mr John

 ထိုင်းနိုင်ငံတွင် အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်အတွက် Facebook မှတစ်ဆင့် ကြော်ငြာပေးမှုဖြင့် အသက် (၂၃) နှစ်အရွယ် ‌အင်တာနက် အကျော်အမော် မော်ဒယ်တစ်ဦးကို ဘန်ကောက်မြို့၌ ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ၂၀၂၄ ခုနှစ် မေလ (၁၆) ရက်နေ့တွင် ပြောသည်။ 

၂၀၂၄ ခုနှစ် မေလ (၁၅) ရက်နေ့တွင် မြို့တော်ရဲဌာန Metropolitan Police Bureau (MPB) မှ အရာရှိများက မော်ဒယ် Lalada ကို ဘန်ကောက်မြို့ လတ်ဖရောင်းရှိ ကွန်ဒိုတိုက်ခန်း၌ ဖမ်းဆီးခဲ့ကြောင်း MPB စုံးစမ်စစ်ဆေးရေးမှူးချုပ် ရဲဗိုလ်ချုပ် Theeradet Thumsuthee က ပြောသည်။

"Noon OnlyFans" ဟုလည်း လူသိများသည့် ထိုအမျိုးသမီးကို လောင်းကစားလုပ်ရန် စည်းရုံးမှုနှင့် လူအများကို လောင်းကစားလုပ်ရန် ကြော်ငြာများနှင့် ဆွဲဆောင်မှုများမှတစ်ဆင့် အယုံသွင်း ဖြားယောင်းမှု့တို့ဖြင့် စွဲချက်တင်ထားသည်။ 

Lalada က သူမ၏ လောင်းကစားဝက်ဘ်ဆိုက် link နှင့်အတူ  ဓာတ်ပုံများကို Facebook page တွင် တင်ခဲ့ပြီးနောက် အဖမ်းခံရခြင်း ဖြစ်သည်။ 

"omega9" အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်တွင် မန်ဘာဝင်ရန် ဆွဲဆောင်သည့် မက်ဆေ့ခ်ျများကိုလည်း Lalada က ပို့စ်တင်ထားသည်။

Lalada နေထိုင်သည့် ကွန်ဒိုတိုက်ခန်းကို ရှာဖွေမှုအတွင်း သူမ၏ iPhone ကို သိမ်းဆည်းခဲ့ပြီး Facebook နှင့် Instagram အကောင့်များတွင် လောင်းကစားလုပ်ရန် ဆွဲဆောင်ထားသော မက်ဆေ့ခ်ျ အများအပြား တွေ့ရသည်။ 

စစ်ဆေးမေးမြန်းမှုအတွင်း ထိုအကောင့်များမှတစ်ဆင့် ၂၀၁၈ ခုနှစ်မှ စတင်ကာ အွန်လိုင်းလောင်းကစားလုပ်ရန် ကြော်ငြာဆွဲဆောင်ခဲ့ကြောင်း Lalada က ဝန်ခံထွက်ဆိုသည်။ 

အွန်လိုင်းလောင်းကစား ဝက်ဆိုက် (၂) ခုက သူမကို ငှားရမ်းခဲ့ကြောင်းနှင့် ဝက်ဘ်ဆိုက်တစ်ခုစီအတွက် Facebook ပေါ်တွင် သူမ၏ ဓာတ်ပုံများနှင့်အတူ လောင်းကစားကြော်ငြာ အကြိမ် (၃၀) တင်ပေးပြီး ဘတ် (၂၀,၀၀၀) ရရှိကြောင်း Lalada က ပြောသည်။ 

Lalada ကို ဥပ‌ဒေအရ အရေးယူရန် ချို့ချိုင့်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ အိမ်နီးချင်း မြန်မာနိုင်ငံတွင်မူ ၂၀၂၁ ခုနှစ်၌ စစ်တပ်အာဏာသိမ်းပြီးနောက် အွန်လိုင်းလောင်းကစားလုပ်ငန်း ပိုမိုတွင်ကျယ်လာပြီး နာမည်ကြီး မော်ဒယ်များနှင့် ဆိုရှယ်မီဒီယာပေါ် ကျော်ကြားသူများက Facebook အပါအဝင် ၎င်းတို့၏ ဆိုရှယ်မီဒီယာအကောင့်များမှတစ်ဆင့် အွန်လိုင်းလောင်းကစားလုပ်ရန် ကြော်ငြာဖြင့် ဆွဲဆောင်ထားသော ပို့စ်များ တင်နေကြသော်လည်း ထိုင်းနိုင်ငံ ကဲ့သို့ ဖမ်းဆီးအရေးယူမှု မရှိကြောင်း သိရသည်။

 

Source: Bangkok Post