မြိုင်မြို့နယ်ရှိ တော်လှန်ရေးတပ်စခန်းကို ဝင်စီးပြီးနောက် ရွာကိုမီးရှို့ကာ အရပ်သားနှစ်ဦးအား စစ်ကောင်စီတပ်က သတ်သွား

မြိုင်မြို့နယ်ရှိ တော်လှန်ရေးတပ်စခန်းကို ဝင်စီးပြီးနောက် ရွာကိုမီးရှို့ကာ အရပ်သားနှစ်ဦးအား စစ်ကောင်စီတပ်က သတ်သွား

မကွေးတိုင်း မြိုင်မြို့နယ် တောင်ပိုင်း ကံသစ်ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးစခန်းကို ယနေ့ ၂၀၂၄ ခုနှစ် မေလ(၈)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ် (၁၃)လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့ထံမှ သိရသည်။

ပခုက္ကူတပ်မ (၁၀၁)မှ ထွက်လာသော အင်အား(၈၀)ခန့်ပါ စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းတွင် ကံသစ်ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးစခန်းကို ဝင်ရောက်စီးနင်း မီးရှို့ပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ် (၁၃)လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ထို့အပြင် ကံသစ်ကျေးရွာအတွင်းသို့ ပိတ်ဆို့ဝင်ရောက်ချိန် ဖမ်းဆီးခံရသော ပြည်သူများထဲမှ အသက် (၄၀)ဝန်းကျင်ရှိ ဦးနန်းအောင်နှင့် ဦးအောင်ဇော်ဦး တို့အား နှိပ်စက်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ကံသစ်ကျေးရွာအတွင်းရှိ ဆိုင်ကယ် (၈)စီးခန့် နှင့် ကား (၂)စီးအား ယူဆောင်သွားပြီး အရပ်သား (၂၀)ဦးဝန်းကျင်ကိုလည်း ဖမ်းဆီးခေါ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ့ကာကွယ်ရေးစခန်းရှိ ခဲယမ်းကျည်များစွာနှင့် ငွေသားသိန်း (၈၀၀)ကျော် ဆုံးရှုံးသွားကြောင်း သိရသည်။

ယူဆောင်သွားသာ ကား (၂)စီးအား ကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် လမ်းပိုင်းတစ်နေရာတွင် ထားခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: နွေဦးတော်လှန်ရေး - မြိုင်မြို့