ပဲဒက်စစ်‌ကောင်စီစခန်းကုန်း သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား ၂၀ ကျော်အရှင်ဖမ်းမိဟု တော်လှန်ရေးတပ်များအတည်ပြု

ပဲဒက်စစ်‌ကောင်စီစခန်းကုန်း သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား ၂၀ ကျော်အရှင်ဖမ်းမိဟု တော်လှန်ရေးတပ်များအတည်ပြု

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် ကားလမ်းပေါ်ရှိ ပဲဒက်စစ်ကောင်စီစခန်းကုန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား(၂၀)ဦးကျော်ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပဲဒက်စခန်းကုန်းကို ၂၀၂၄ ခုနှစ် မေလ (၅)ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ မေလ(၈)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

"၂၀ ဦး‌ကျော်မိတယ်။ ကျန်တာ ထွက်ပြေးသွားတယ်။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားတယ်။"ဟု တော်လှန်ရေးရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

ပဲဒက်စခန်းကို KNLA တပ်ရင်း ၁၂(တပ်မဟာ ၄)၊ တပ်ရင်း ၂၇ (တပ်မဟာ ၆)တို့နှင့် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်း၊ စစ်သင်္ဘောနှင့် လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သည်ဟု ဆိုသည်။ 

ထို့အပြင် ပဲဒက်ကျေးရွာအနီးရှိ ကျောက်ဆည်ရွာ ပျူစောထီးစခန်းကိုလည်း တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားပြီး ပျူစောထီးတချို့ကို ဖမ်းမိကာ လက်နက်(၁၁)လက်ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency