တအာင်းမြို့ (၇)ခုမှာ စစ်အာဏာရှင်၏ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ပြီဖြစ်ကြောင်း TNLA စစ်ဦးစီးချုပ်ပြော

တအာင်းမြို့ (၇)ခုမှာ စစ်အာဏာရှင်၏ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ပြီဖြစ်ကြောင်း TNLA စစ်ဦးစီးချုပ်ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသရှိ မြို့(၇)မြို့မှာ စစ်အာဏာရှင်၏ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ပြီဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး(PSLF/TNLA) စစ်ဦးစီးချုပ် တားဟိုပလန်ကပြောသည်။

ကွတ်ခိုင်မြို့နယ် ဒေသခံများနှင့် ‌၂၀၂၄ခုနှစ် မေလ(၄)ရက်နေ့က တွေ့ဆုံစဉ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) စစ်ဦးစီးချုပ် တားဟိုပလန်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်အာဏာရှင်၏ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ပြီးဖြစ်ကြောင်း၊ မြို့ (၇)မြို့ သိမ်းပိုက်နိုင်ခဲ့ခြင်းမှာ ရဲဘော်များ၏ အသက်သွေးချွေးနှင့် ရင်းထားသည့်အတွက် တန်းဖိုးထား ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း TNLA စစ်ဦးစီးချုပ်က ဆိုသည်။

"ကွတ်ခိုင်မြို့သိမ်းပိုက်နိုင်ခဲ့တာဟာ ပြည်သူလူထုရဲ့ အကူအညီနဲ့ စည်းစည်းစည်းလုံးလုံး ပါဝင်ခြင်းကြောင့်လည်း အရေးပါခဲ့တယ်။ ကွတ်ခိုင်မြို့မှာ မူးယစ်ဆေးဝါး ပပျောက်ရေးနဲ့ ပြည်သူလူထုတွေ အေးအေးချမ်းချမ်း နေနိုင်ဖို့ကို ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမယ်"ဟု ၎င်းက ဆက်ပြောသည်။

ထိုတွေ့ဆုံပွဲသို့ TNLA ဗိုလ်မှူးချုပ်များ၊ အရာရှိအရာခံများ၊ စာပေနှင့် ယဥ်ကျေးမှုအဖွဲ့များ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် ကျေးရွာဥက္ကဋ္ဌများအပါအဝင် ပြည်သူလူထုများ စုစုပေါင်း လူဦးရေ (၃၀၀)ကျော်တက်ရောက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF / TNLA News