ကွတ်ခိုင်မြို့နယ်အတွင်း ကြားဖြတ်တိုက်ခိုက်ခံရ၍ ကြောက်လန့်တကြား မောင်းပြေးသည့် စစ်အုပ်စု၏ ယာဉ်တန်းက ဆိုင်ကယ်စီးလာသည့် ဒေသခံ(၂)ဦးကို တိုက်သတ်သွား

ပုံအဟောင်းဖြစ်ပါသည်။
ပုံအဟောင်းဖြစ်ပါသည်။
ကွတ်ခိုင်မြို့နယ်အတွင်း ကြားဖြတ်တိုက်ခိုက်ခံရ၍ ကြောက်လန့်တကြား မောင်းပြေးသည့် စစ်အုပ်စု၏ ယာဉ်တန်းက ဆိုင်ကယ်စီးလာသည့် ဒေသခံ(၂)ဦးကို တိုက်သတ်သွား
ဖေဖော်ဝါရီ 10, 2023 | 2021 Military Coup| ရှမ်းမြောက်

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ကွတ်ခိုင်မြို့ရှိ အာဏာသိမ်းစစ်အုပ်စု၏ တပ်မ (၉၉)ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရခြင်းကြောင့် ကြောက်လန့်တကြား မောင်းပြေးရာ ဆိုင်ကယ်စီးလာသည့် ပြည်သူနှစ်ဦးအား ဝင်တိုက်ခဲ့သဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့၏ ညနေပိုင်းက စစ်ကြောင်းချီလာသည့် စစ်အုပ်စုယာဉ်တန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA၏ တပ်မဟာ (၄)၊ အမှတ် (၈)တပ်ရင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ခံရခြင်းကြောင့် စစ်အုပ်စုယာဥ်တန်းသည် မောင်း‌ပြေးသွားခဲ့ရာ ရှေ့တွင် မြင်ရသည့် ဆိုင်ကယ်ကို မရှောင်ဘဲ ဆိုင်ကယ်စီးလာသည့် ပြည်သူနှစ်ဦးအား တိုက်သတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းကလည်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်လွန်းကျေးရွာအုပ်စုအတွင်းရှိ နမ့်ဖလွန်းတောင်သို့ ထပ်မံအင်အားဖြည့်ကာ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု၏ တပ်မ (၉၉)ကို ကချင်လွတ်မြောက်ရေးတပ်မတော်  KIA၏ တပ်မဟာ(၆)၊ အမှတ် (၉)တပ်ရင်းတပ်ဖွဲ့များကို PDF ပူးပေါင်းတပ်ဖွဲ့တို့က နမ့်ဖလွန်းတောင်၊ သစ်ကြားသီးခြံနေရာ၌   စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။