မြဝတီ ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၂)တံတား ပြန်ဖွင့်

မြဝတီ ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၂)တံတား ပြန်ဖွင့်

တိုက်ပွဲကြောင့် ယာယီပိတ်ထားသည့် ကရင်ပြည်နယ် မြဝတီမြို့ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ် (၂)တံတားကို ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၃၀)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

မြဝတီမြို့ အမှတ် (၂)တံတားဘက်သို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ကို KNLA၊ PDF တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဧပြီလ (၂၀)ရက်နေ့က ဝင်ရောက်တိုက်ခဲ့ပြီးနောက် တံတားကို ယာယီပိတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲကြောင့် မြဝတီမြို့မှ ဒေသခံများသည် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ အဆိုပါတံတားမှ အလုံးအရင်းဖြင့် တိမ်းရှောင်ခဲ့ရသည်။

တိုက်ပွဲများကြောင့် မြန်မာဘက်ခြမ်းက ယာယီပိတ်ခဲ့သည့် အမှတ် (၁) ချစ်ကြည်ရေးတံတားကိုလည်း ဧပြီလ ၂၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

#TachileikNewsAgency

Photo: ယနေ့ ဧပြီလ (၃၀)ရက်နေ့တွင် မြင်တွေ့ရသည့် ပုံရိပ် (CJ)