ကော့ကရိတ်မြို့နယ်တွင် လက်နက်ချအလင်းဝင်သူ တပ်ကြပ်ကြီးအား ဆုကြေးငွေ ဘတ် ၈ သောင်း  ချီးမြှင့်

ကော့ကရိတ်မြို့နယ်တွင် လက်နက်ချအလင်းဝင်သူ တပ်ကြပ်ကြီးအား ဆုကြေးငွေ ဘတ် ၈ သောင်း  ချီးမြှင့်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ မဲသရောထတိုက်ပွဲမစခင် မတ်လ (၁၅)ရက်နေ့က လက်နက်ချအလင်းဝင်ခဲ့သူ တပ်ကြပ်ကြီးသက်နိုင်ဦးအား မြန်မာကျပ်ငွေ သိန်း (၈၀)နှင့် ညီမျှသည့် ဆုကြေးငွေ ဘတ် ၈ သောင်း ချီးမြှင့်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF မှ ၂၀၂၄ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

တပ်ကြပ်ကြီး သက်နိုင်ဦးသည် MA4 ပူးတွဲသေနတ် (၁)လက်၊ ၄၀မမ ဗုံးသီး (၁၀)လုံး၊ ၅.၅၆ ကျည် (၂၀၀)ဖြင့် KNLAနှင့် SOF တော်လှန်ရေးပူးပေါင်းအဖွဲ့သို့ လက်နက်ချအလင်းဝင်ခဲ့ခြင်းဖြစ်ပြီး၊ အလင်းဝင်သူအတွက် နေထိုင်ရေးနှင့် အလုပ်အကိုင်ရရှိရေး စသည့် လိုအပ်သည့်အကူအညီများကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း SOF၏ ထုတ်ပြန်ချက်အရသိရသည်။

အခြား စစ်ကောင်စီတပ်ဘက်မှ မည်သူမဆို ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF သို့ ဆက်သွယ်၍ လာရောက်ပူးပေါင်းပါက ထိုက်ထိုက်တန်တန် ဆုကြေးငွေများ ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency

Photo: SOF