မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများကို အနီးကပ်ပစ်ခတ်ရာ လက်နက်ခဲယမ်းများရရှိဟု မြိုင်ပကဖ ထုတ်ပြန်

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများကို အနီးကပ်ပစ်ခတ်ရာ လက်နက်ခဲယမ်းများရရှိဟု မြိုင်ပကဖ ထုတ်ပြန်

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကိုင်းတောမစက်တွင်းမှ ထွက်လာသော အင်အား(၁၂)ယောက်ပါ စစ်ကောင်စီတပ်သားများကို  ကိုင်းတောမ ဆေးခန်းရှေ့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၃၀)ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

အနီးကပ်ပစ်ခတ်မှုမှာ (၁၅)ခန့်ကြာခဲ့ပြီး စစ်ကောင်စီတပ်သား (၃)ဦး သေဆုံးခဲ့သည်ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲမှ MA1 သေနတ်တစ်လက်၊ MA3 သေနတ်တစ်လက်၊ ကျည်ဘောက် (၆)ခု၊ ကျည်ဆံ (၁၂၀)တောင့်၊ ဘေးလွယ်အိတ်တစ်လုံး၊ ဖုန်း(၂)လုံးနှင့် အဆိုပါဖုန်းထဲမှ သေဆုံးသွားသော စစ်ကောင်စီတပ်သားများ၏ ဓာတ်ပုံများနှင့် အချက်အလက်အချို့ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုများကို မြိုင်ပကဖ ၊ မြိုင်ပကဖ အဖွဲ့ဝင်ဖြစ်သော တပ်ရင်း (၁)၊ တပ်ခွဲ ၄ (စက်ြာ)၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ မဟာမိတ်တပ်ပေါင်းစု (MUGDF ၊ James Bond၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့)၊ ကင်ဒိုတပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း (၂၊ ၆၊ ၇)၊ မြိုင် ပ.က.ဖ IO အဖွဲ့၊ Pakokku People's Defense Force၊ Young Force UGနှင့် Earthquake People's Defence Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency