မောင်တော နယ်ခြားစောင့်စခန်းမှ ဘင်္ဂလားဘက်ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက စောင့်ရှောက်ထား

မောင်တော နယ်ခြားစောင့်စခန်းမှ ဘင်္ဂလားဘက်ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက စောင့်ရှောက်ထား

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား (၁၀၀)ကျော်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက လူသားခြင်းစာနာစွာ ကယ်တင်စောင့်ရှောက်ထိန်းသိမ်းထားသည်ဟု ဘင်္ဂလားဒေ့ရှ်မီဒီယာများက ဖော်ပြသည်။

မောင်တောမြို့ရှိ အောင်သပြေနယ်ခြားစောင့်တပ်စခန်းအား ယမန်နေ့ ၂၀၂၄ခုနှစ် မတ်လ(၁၂)ရက်နေ့တွင် ရက္ခိုင့်တပ်တော်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအလောင်းအချို့၊ လက်နက်ခဲယမ်းအချို့တို့ကို သိမ်းဆည်းရရှိခဲ့ပြီးစခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်အရေအတွက်မှာလည်း (၁၇၉)ဦးအထိရှိခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်သည် အောင်သပြေစခန်းအတွင်း ကျန်ရှိခဲ့သော စားနပ်ရိက္ခာများတွင် သေစေတတ်သော အဆိပ်များကို သုတ်လူးထားခြင်း၊ ရေဗူးများတွင်ထည့်ထားခြင်း၊ စခန်းအတွင်း၌လည်း အဆိပ်ဆေးဖြန်းထားခြင်းများ ပြုလုပ်ထားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင် သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန်လည်း သတိပေးထားသည်။

#TachileikNewsAgency