ပင်လယ်ပြင် ပဋိပက္ခများအတွက် ပြင်ဆင်ထားရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်တပ်ကို တိုက်တွန်း

ပင်လယ်ပြင် ပဋိပက္ခများအတွက် ပြင်ဆင်ထားရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်တပ်ကို တိုက်တွန်း
By Mr John

 ပင်လယ်ပြင် ပဋိပက္ခများအတွက် ပြင်ဆင်ထားရန်နှင့် တရုတ်နိုင်ငံ၏ ရေလမ်းကြောင်းသွားလာမှုဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ရန် ၂၀၂၄ ခုနှစ် မတ်လ (၇) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ကိုယ်စားလှယ်များနှင့် အစည်းအဝေးတစ်ရပ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်တပ်ကို တိုက်တွန်းခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြသည်။

အရှေ့နှင့် တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်တက်နေစဥ် တရုတ်သမ္မတက ထိုသို့ ပြောဆိုမှု ရှိလာခြင်း ဖြစ်သည်။ 

တရုတ်နိုင်ငံ၏ အဆင့်အမြင့်ဆုံး နိုင်ငံတော်ကာကွယ်ရေး အဖွဲ့အစည်းဖြစ်သည့် ဗဟိုစစ်ကော်မရှင် Central Military Commission အစည်းအဝေးအတွင်း ရှီကျင့်ဖျင်က တရုတ်စစ်တပ်ကို ဆိုက်ဘာနှင့် အာကာသကဲ့သို့ နယ်ပယ်များတွင် မဟာဗျူဟာမြောက် လုပ်ဆောင်နိုင်စွမ်း တိုးမြှင့်ရန်လည်း မှာကြားခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံ၏ လေယာဥ်စနစ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆိုက်ဘာကာကွယ်ရေးစနစ်တစ်ရပ် တည်ဆောက်ရန်လည်း အားပေးခဲ့ကြောင်း သိရသည်။ 

တရုတ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် တရုတ်လွှတ်တော် သို့မဟုတ် National People's Congress အစည်းအဝေးအတွင်း ထိုညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာန Xhinhua က ပြောသည်။

ဟောင်ကောင်မီဒီယာ၏ အဆိုအရ တရုတ်နိုင်ငံ၏ စတုတ္တမြောက် လေယာဥ်တင်သင်္ဘော တည်ဆောက်ရန် စီစဥ်နေကြောင်း တရုတ်ရေတပ် အရာရှိတစ်ဦးက ပြောကြောင်း သိရသည်။ 

ထိုလေယာဥ်တင်သင်္ဘောမှာ နျူကလီးယားစွမ်အင်သုံး ဖြစ်မည်လားဆိုသည်ကို အတိအကျ မသိရသေးဟု ဆိုသည်။ 

တရုတ်နိုင်ငံက အရှေ့နှင့် တောင်တရုတ်ပင်လယ်တွင် မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် အစရှိသည့် နိုင်ငံများနှင့် နယ်မြေပိုင်ဆိုင်မှုများ အငြင်းပွားလျက်ရှိသည်။

 

Source: Bangkok Post