ကမ္မမြို့တွင် သားအမိနှစ်ဦးကို စစ်ကောင်စီတပ်က မုဒိမ်းကျင့်ကာ သတ်ဖြတ်သွား

ကမ္မမြို့တွင် သားအမိနှစ်ဦးကို စစ်ကောင်စီတပ်က မုဒိမ်းကျင့်ကာ သတ်ဖြတ်သွား

မကွေးတိုင်း ကမ္မမြို့နယ်တွင် မိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က အသက်(၇၀)အရွယ် အဖွားတစ်ဦးနှင့် အသက်(၄၁)နှစ်ဝန်းကျင်ရှိ သမီးဖြစ်သူ သားအမိ(၂)ဦးကို မုဒိမ်းကျင့်၍ လည်ပင်းလှီးသတ်ဖြတ်သွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

၂၀၂၄ခုနှစ် မတ်လ (၅)ရက်နေ့ နံနက်ပိုင်းက ပခုက္ကူမှထွက်လာသော စစ်ကောင်စီထောက်ပို့စစ်ကြောင်းကို ကမ္မ နှင့် တွင်းမရွာ ပျူစောထီးစခန်းကြားတွင် တော်လှန်ရေးတပ်များက တိုက်မိုင်း(၁၀)လုံးဝန်းကျင်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည်ကို ညနေ(၄)နာရီဝန်းကျင်တွင် ပေပါမိုင်း(၂)လုံးဖြင့် တစ်ကြိမ်၊ တိုက်မိုင်းဖြင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူများသဖြင့် ဒဏ်ရာရသူများအား ပခုက္ကူသို့ ပြန်ပို့စဉ် ကန်တော်ရွာအနီး၌ ညနေ(၆)နာရီဝန်းကျင်တွင်  မိုင်းပွိုင့် (၂)ပွိုင့်ဖြင့် ထပ်မံတိုက်ခြင်းကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ကမ္မမြို့တွင် ရပ်တန့်ခဲ့ကြောင်း သိရသည်။ 

ထို့နောက် ကမ္မမြို့နယ်မှ ထွက်ခွါလာသည့် စစ်ကောင်စီတပ်က အသက်(၇၀) အဖွားတစ်ဦးနှင့် အသက်(၄၁)နှစ် ဝန်းကျင်ရှိ အမျိုးသမီး သားအမိ(၂)ဦးကို မုဒိမ်းးကျင့်၍ လည်ပင်းလှီးသတ်ဖြတ်သွားပြီး ပခုက္ကူမြို့နယ် အင်းဖက်ကျေးရွာရှိ ဘုန်းကြီးကျောင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် မြိုင်ပကဖသည် စက်မှု(၂)မှထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကိုလည်း စက်မှု (၂)နှင့် ကိုင်းတောမစခန်းကြားတွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မြိုင်ပကဖ ၊ မြိုင်ပကဖ အဖွဲ့ဝင်များဖြစ်သော တပ်ရင်း(၁)၊ တပ်ခွဲ(၁)၊ တပ်ခွဲ(၂) (ဂဠုန်)၊ တပ်ခွဲ(၄) (စက်ြာ)၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ Myaing UAVတပ်ဖွဲ့များနှင့် ယူနီယံဘရားသားတပ်ဖွဲ့၊  Earthquake PDF တပ်ဖွဲ့၊ ခရိုင်တပ်ရင်း(၂)၊ ကမ္မဒေတော်လှန်ရေးတပ်ပေါင်းစု အဖွဲ့ဝင်များဖြစ်သော KMDF၊ PDF Kamma၊ Black Cobra တပ်ဖွဲ့၊ ဧရာအနောက်တပ်ဖွဲ့၊ ပခုက္ကူ ပကဖ အဖွဲ့ဝင်များဖြစ်သော Young Force တပ်ဖွဲ့၊ Black Cheetah တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency