ရေဖြူမြို့နယ်အတွင်း ခမရ (၄၀၇)အနီးရှိ ကာကင်းစခန်းကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သား (၁)ဦး သေပြီး လက်နက် သိမ်းဆည်းရရှိ

Photo: Ba Htoo Army-BHA
Photo: Ba Htoo Army-BHA
ရေဖြူမြို့နယ်အတွင်း ခမရ (၄၀၇)အနီးရှိ ကာကင်းစခန်းကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သား (၁)ဦး သေပြီး လက်နက် သိမ်းဆည်းရရှိ
ဖေဖော်ဝါရီ 16, 2024 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း ရေဖြူမြို့နယ်အခြေစိုက် ခမရ(၄၀၇)ခြေလျင်တပ်ရင်းအနီးရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦးသေပြီး လက်နက်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဗထူးတပ်မတော်(Ba Htoo Army-BHA)က ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ခမရ(၄၀၇)နှင့်အနီး စစ်ကောင်စီတပ်၏ ကာကင်းစခန်းကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် ဗထူးတပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားထံမှ MA 3 တစ်လက်၊ ကျည်ဘောက်တစ်ခုနှင့် (၅.၅၆)ကျည်(၂၅)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပြန်လည်ပစ်ခတ်ခဲ့သည်ဟုလည်း ဆိုသည်။

၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းစစ်တပ်အား စစ်ရေးအရှိန်မြင့်ကာ အမြစ်ပြတ်တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ပြည်သူများ စစ်ရေး အသိ၊သတိ ဖြင့်သွားလာနေထိုင်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တရားဝင်အသိ ပေးထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကို လေးစားလိုက်နာကြရန် အသိပေးထားသည်။