ကရင်ပြည်နယ် နယ်စပ်တလျောက်ရှိ ငွေလိမ်ဂိုဏ်းများနှင့် တရားမဝင် ကာစီနိုလုပ်ငန်းများကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း KNU ကြေညာ 

ကရင်ပြည်နယ် နယ်စပ်တလျောက်ရှိ ငွေလိမ်ဂိုဏ်းများနှင့် တရားမဝင် ကာစီနိုလုပ်ငန်းများကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း KNU ကြေညာ 
ဖေဖော်ဝါရီ 13, 2024 | 2021 Military Coup| အခြားဒေသများ

 

ကရင်ပြည်နယ် နယ်စပ်တလျောက်ရှိ ငွေလိမ်ဂိုဏ်းများနှင့် တရားမဝင်ကာစီနိုလုပ်ငန်းများကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(  Karen National Union - KNU )က ယနေ့  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

KNU သည် ငွေလိမ်ဂိုဏ်းများနှင့် တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းများ ရှင်းလင်းသန့်စင်မည့် အိမ်နီးခြင်း နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းများနှင့် ငွေလိမ်ဂိုဏ်းများသည် မြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့သော စနစ်ဆိုးများနှင့် အဂတိလိုက်စားမှုများမှ အမြစ်တွယ် ပေါက်ဖွားလာခြင်းဖြစ်ပြီး အစိုးရအဆက်ဆက်၏ အဂတိလိုက်စားမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှု မရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီသည် ငွေကြေးလိမ်လည်ဂိုဏ်းများနှင့်ပတ်သက်သည့် တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းများကို တိုက်ရိုက်အကျိုး ခံစားခွင့်ရရှိနေခြင်းကြောင့် နောက်ကွယ်မှ အကာအကွယ်ပေးခြင်း၊ ထောက်ခံနေခြင်းများပြုလုပ်နေပြီး ကရင်ပြည်နယ်အတွင်း ပြည်သူ များကိုသာမက ပါဝင်ပတ်သက်နေသူများအားလုံးအတွက် လူမှုဒုက္ခမျိုးစုံနှင့် ဒေသတွင်မတည်ငြိမ်မှုအပြင် ကမ္ဘာ့နိုင်ငံများ၏ ငွေ ကြေးဆိုင်ရာလုံခြံရေးနှင့် စီးပွားရေးဆိုင်ရာ တည်ငြိမ်မှုကိုပါ ခြိမ်း ခြောက်နေသည်ဟု ထုတ်ပြန်ထားသည်။