ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ပူးပေါင်းတပ်များတိုက်ခိုက်ပြီး စခန်းတချို့ကို သိမ်းပိုက်ထား

ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ပူးပေါင်းတပ်များတိုက်ခိုက်ပြီး စခန်းတချို့ကို သိမ်းပိုက်ထား
ဖေဖော်ဝါရီ 7, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း‌ ထန်းတပင်၊ ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီစခန်းများကို တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများက ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ လာရောက်ဗုံးကြဲခုခံနေကြောင်း သိရသည်။

ဇရပ်ကြီးမြို့ရှိ ဇရပ်ကြီးရဲစခန်း၊ ချောင်းခြားစခန်းနှင့် ခလရ(၇၃)တပ်စခန်းတို့ကို တော်လှန်ရေးတပ်များက တပြိင်တည်း တိုက်ခိုက်သိမ်းပိုက်နေပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပစ်ခတ်နေသည်ဟု Spring Warriors Columnကဆိုသည်။

“လက်နက်ကြီးများ၊ လေကြောင်းဖြင့် အရပ်သားများကို ဦးတည်တိုက်ခိုက်မှုတွေလည်းရှိပါတယ်။ ခွေးမိစ္ဆာစခန်း အများစုကိုလည်း ထိန်းသိမ်းထားနိုင်နေပါပြီ။ မနက်အစောပိုင်းကတည်းက လေကြောင်းမှ ပစ်ခိုက်တိုက်ခိုက်မှုများရှိနေပါတယ်။ ကျွန်‌တော်တို့ စစ်ကြောင်းမှ ရဲဘော် (၅)ဦး ထိခိုက်ဒဏ်ရာများရှိထားပြိး မစိုးရိမ်ရလို့ သိထားရပါတယ်။”ဟု Spring Warriors Columnက ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုတွင် KNLA၊ BPLA၊ ရန်ကုန်မြောက်ပိုင်းခရိုင်ပကဖ၊ တော်၀င်ဒေါင်း အာဠ၀ကစစ်ကြောင်း၊ တောကျီးကန်းစစ်ကြောင်း၊ Spring Warriors Columnတို့ ပါဝင်သည်ဟု သိရသည်။

#TachileikNewsAgency