ရေးမြို့နယ် လင်းဦးစစ်ဆေးရေးဂိတ်မှထွက်လာသည့် ပြည်သူ့စစ် ၃ဦး ပစ်ခတ်ခံရပြီးသေဆုံး

ရေးမြို့နယ် လင်းဦးစစ်ဆေးရေးဂိတ်မှထွက်လာသည့် ပြည်သူ့စစ် ၃ဦး ပစ်ခတ်ခံရပြီးသေဆုံး
ဇန်နဝါရီ 24, 2024 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ် ရေးမြို့နယ် လင်းဦးစစ်ဆေးရေးဂိတ်မှ ထွက်လာသည့် ပြည်သူ့စစ်(၃)ဦးကို ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်ရာ (၃)ဦးလုံးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ဆေးရေးဂိတ်မှ ကားဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၃)ဦးကို ‌စောင့်ဆိုင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ပြည်သူ့စစ်အသွင်ပြောင်းတဲ့ ဂိတ်မှူးစိုးသူကို ကျွန်တော်တို့ စောင့်ပစ်တယ်။ ဂိတ်မှူးစိုးသူနဲ့အတူ နှစ်ဦးထပ်ပါတော့ ပေါင်း(၃)ဦးပေါ့။ AKကတော့ နှစ်လက်ရတယ်။ လက်နက်ကြီး 79တစ်လက်ရတယ်။"ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က Tachileik News Agencyကိုပြောသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ရင်း (၃၄၃)မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency