မုံရွာမြို့တွင် လ္ဘက်ရည်ဆိုင်ထိုင်နေသည့် ဒုရဲအုပ်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

မုံရွာမြို့တွင် လ္ဘက်ရည်ဆိုင်ထိုင်နေသည့် ဒုရဲအုပ်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး
ဇန်နဝါရီ 23, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် လ္ဘက်ရည်ဆိုင်ထိုင်နေသည့် ဒုရဲအုပ်တစ်ဦး ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

မုံရွာမြို့ စက်မှု(၁) အေးရိပ်သာလမ်းရှိ လ္ဘက်ရည်ဆိုင်တွင် ထိုင်နေသည့် အမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ် ကျော်ဇင်ဦးဆိုသူကို မုံရွာခရိုင် PDF တပ်ရင်းများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရပြီးနောက် ဒုရဲအုပ် ကျော်ဇင်ဦး သေဆုံးသွားသဖြင့် စစ်ကောင်စီတပ်များ ရောက်လာကာ စစ်ဆေးခြင်း၊ ကင်းလှည့်ခြင်းများ လုပ်ဆောင်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၁)တပ်ရင်း၊ မုံရွာခရိုင် အမှတ် (၂၃)တပ်ရင်းနှင့် မုံရွာခရိုင်အမှတ် (၂၂)နတ်ဆိုးတပ်ရင်းတို့မှ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency