ကျောက်တော် ဗျူဟာနှင့် မြောက်ဦး သင်းကျစ်တော်တောင် စခန်းတို့ကို AAသိမ်း

ကျောက်တော် ဗျူဟာနှင့် မြောက်ဦး သင်းကျစ်တော်တောင် စခန်းတို့ကို AAသိမ်း
ဇန်နဝါရီ 8, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ တောင်ရှည်တောင်ဗျူဟာစခန်းမှ အင်အား (၂၀၀)ခန့်သည် ရက္ခိုင့်တပ်တော် (AA)ထံ လက်နက်ချအညံ့ခံခဲ့ကြောင်း AAက ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တောင်ရှည်တောင်ဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း AAနှင့်အတူ မိတ်ဖက်အဖွဲ့အစည်းအချို့မှ ရဲဘော်များလည်း ပါဝင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကျန်ရှိနေသေးသော စစ်ကောင်စီ၏ စခန်းအချို့ကို ယခုရက်များအတွင်း အပြီးသတ်ချေမှုန်း တိုက်ခိုက်သွားမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် မြောက်ဦးမြို့ရှိ သင်းကျစ်တော်တောင်စခန်းကိုလည်း ဇန်နဝါရီလ (၇)ရက်၊ ညနေ (၄)နာရီအချိန်တွင် AAမှ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

AAသည် ပလက်ဝဒေသတစ်ခုလုံး စစ်ကောင်စီ ကင်းစင်သည့်နယ်မြေဖြစ်လာနိုင်ရန် စစ်ကောင်စီ၏ စခန်းများကိုတိုက်ခိုက်‌နေရာ ဇန်နဝါရီလ (၇)ရက်မှစ၍ ပလက်ဝ အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီ၏ စခန်းများကို သိမ်းပိုက်ရယူထားပြီးဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများ၊ စစ်စခန်းများအနေဖြင့် လက်နက်ချအညံ့ခံလိုပါက အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း AA က အသိပေးထားသည်။

#TachileikNewsAgency

Photo: AA Info Desk