AA သိမ်းပိုက်ခဲ့သည့် မြောက်ဦးမြို့ မြောင်းဘွေရဲစခန်း

AA သိမ်းပိုက်ခဲ့သည့် မြောက်ဦးမြို့ မြောင်းဘွေရဲစခန်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ စစ်ကောင်စီတပ်၏ မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ခဲ့ရာ ခဲယမ်းနှင့် စစ်သုံးပစ္စည်းများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များအထိုင်ချထားသည့် မြောင်းဘွေရဲစခန်းကို AAက ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အရပ်သားများကို ဖမ်းဆီးထွက်ပြေးသွားခဲ့သည်။

မြောင်းဘွေရဲစခန်းအား ရက္ခိုင့်တပ်တော် (AA)မှ ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် ၎င်းရဲစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မောင်ညိုကျွန်းရွာအနီးရှိ လယ်ကွင်းပြင်၌ စပါးရိတ်သိမ်းနေသည့် အသက် (၁၃)နှစ်အရွယ် မွတ်ဆလင်ယောကျ်ားလေးတစ်ဦးနှင့် မွတ်ဆလင်ကျေးရွာသား (၃)ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်‌ဆောင်သွားခဲ့သည်ဟု AAက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ပီပင်ရင်းကျေးရွာကိုလည်း အဆိုပါတပ်ဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

#TachileikNewsAgency

Photo: Thar Mong Zaw