တနင်္သာရီမြို့နယ်တွင် လက်နက်ခဲယမ်းများသယ်လာသည့် စစ်ကောင်စီတပ်ယာဉ်အား တော်လှန်ရေးတပ်များတိုက်ခိုက်

တနင်္သာရီမြို့နယ်တွင် လက်နက်ခဲယမ်းများသယ်လာသည့် စစ်ကောင်စီတပ်ယာဉ်အား တော်လှန်ရေးတပ်များတိုက်ခိုက်

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တမုတ်ချုံရွာအနီးတွင် လက်နက်ခဲယမ်းများသယ်‌လာသော စစ်ကောင်စီတပ်ယာဥ်အား တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီယာဉ်ကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ မိနစ်(၃၀)အကြာတွင် ပူးပေါင်းစစ်ကြောင်းများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၅)ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖိုကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းအား သွားရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိနစ်(၃၀)ခန့် ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု သိရသည်။ 

အဆိုပါ ပစ်ခတ်မှုများအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး တော်လှန်ရေးတပ်များ အထိအခိုက်မရှိခဲ့ဟု သိရသည်။

တိုက်ခိုက်မှုများကို မြိတ်ခရိုင် တပ်ရင်း(၂)၊ တပ်ခွဲ (၂)တနင်္သာရီမြို့နယ် ပကဖ၊ ကျွန်းစုမြို့နယ် ပကဖ၊ ပုလောမြို့နယ် ပကဖနှင့် Dragon Squad (ဒရုန်းအဖွဲ့)တို့ ပါဝင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသော သတိပေးထုတ်ပြန်ချက်များကို လိုက်နာပေးကြရန် အသိပေးထားသည်။

#TachileikNewsAgency