မြိုင်တွင် ပျူစောထီးစစ်ကြောင်းကို ကြိုဆိုမည့် ရဲတပ်ဖွဲ့ပစ်ခတ်ခံရ

မြိုင်တွင် ပျူစောထီးစစ်ကြောင်းကို ကြိုဆိုမည့် ရဲတပ်ဖွဲ့ပစ်ခတ်ခံရ

မကွေးတိုင်း မြိုင်မြို့နယ် ကိုင်းတောမရဲစခန်း၌ ယနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် သရက်ကန်ရွာမှ ပျူစောထီးစစ်ကြောင်းအား ကြိုဆိုရန် တန်းစီနေစဉ် ဒေသကာကွယ်ရေးအဖွဲ့များက နေရာ(၂)ခုမှ အနီးကပ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရဲစခန်းတောင်ဘက်မှ စနိုက်ပါနှင့် ပစ်ခပ်မှုကြောင့် ရဲတစ်ဦးသေဆုံးနိုင်ပြီး စခန်းအနောက်တောင်ဘက်မှ မီတာ(၁၀၀)အတွင်း အနီးကပ်ပစ်ခပ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးသူရှိနိုင်သည်ဟု Earthquake People's Defence Forceက ဆိုသည်။

ထို့နောက် အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ကြာမြင့်ခဲ့ပြီး သရက်ကန်ရွာမှ ပျူစောထီးစစ်ကြောင်းများ ရောက်ရှိလာပြီး တိုက်ပွဲဆက်ဖြစ်ပြီးနောက် ပြန်လည်ဆုတ်ခွါခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို Earthquake People's Defence Force(Pakokku)၊ TYK ပြောက်ကျားတပ်ဖွဲ့ နှင့် မြိုင် (ပကဖ)တပ်ရင်း(၁) ခွဲ (၄)စင်္ကြာတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency