ဆိုးလ်မြို့အခြေစိုက် စီးပွားရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုက စစ်ကောင်စီ၏ သံအမတ်ကိုပေးအပ်ခဲ့သည့်ဆုအား တပတ်အကြာတွင် ပြန်လည်ရုတ်သိမ်း

ဆိုးလ်မြို့အခြေစိုက် စီးပွားရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုက စစ်ကောင်စီ၏ သံအမတ်ကိုပေးအပ်ခဲ့သည့်ဆုအား တပတ်အကြာတွင် ပြန်လည်ရုတ်သိမ်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အခြေစိုက် စီးပွားရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုက စစ်ကောင်စီ၏ သံအမတ်ကိုပေးအပ်ခဲ့သည့် ဆုအား တပတ်အကြာတွင် ပြန်လည်ရုတ်သိမ်းကြောင်း ယနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့တွင် ကြေညာလိုက်သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၉)ရက်နေ့က Korea Consumer Brand Awards Committeeက ဆိုးလ်မြို့ရှိ Korea Press Center ၌ ကျင်းပပြုလုပ်သည့် Korea Consumer Brand Grand Prize Awardsဆုပေးပွဲတွင် ကိုရီးယားနိုင်ငံရှိ စစ်ကောင်စီသံအမတ် ဦးသန့်စင်အား 2023 Best Ambassador Awardကို ‌ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Korea Consumer Global Council၏ ဝက်ဘ်ဆိုက်တွင် 2023 Korea Consumer Brand Award ဆုရရှိသော သန့်စင်(မြန်မာသံအမတ်)ကို ရွေးချယ်ခြင်းအား ပယ်ဖျက်ခြင်းကိစ္စဟူသည့် ခေါင်းစဉ်ဖြင့် ဆုပေးခြင်းအား ဖျက်သိမ်းကြောင်း ကြေညာစာထုတ်ပြန်ခဲ့သည်။

ယခုနှစ် မေလက ဆိုးလ်ယဉ်ကျေးမှုပွဲတော်တစ်ခုတွင် စစ်ကောင်စီသံရုံးက မြန်မာအစားအစာ မုန့်ဟင်းခါးရောင်းချခြင်းဖြင့် ပူးပေါင်းပါဝင်ခဲ့သည့်အတွက် ယင်းဆုကို ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သာမန်ယဉ်ကျေးမှုဆက်ဆံရေးသဘောအရ ပေးခဲ့ခြင်းသာဖြစ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေး နိုင်ငံရေးများနှင့် မသက်ဆိုင်ကြောင်း၊ မြန်မာပြည်၏ လက်ရှိနိုင်ငံရေး အခြေအနေကို ကောင်းစွာမသိခဲ့သဖြင့် ယခုကဲ့သို့ ဆုပေးမိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Korea Consumer Global Councilအား ကန့်ကွက်ခဲ့ကြပြီးနောက် Korea Consumer Global Council၏ ဝက်ဘ်ဆိုက်တွင် 2023Korea Consumer Brand Awardဆုရရှိသော သန့်စင်(မြန်မာသံအမတ်)ကို ရွေးချယ်ခြင်းအား ပယ်ဖျက်ကြောင်း ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: NUG Representative Office - Republic of Korea