အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးကို စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်၍ အရပ်သားတစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရကာ ဈေးဆိုင်များပျက်စီး

အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးကို စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်၍ အရပ်သားတစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရကာ ဈေးဆိုင်များပျက်စီး
နိုဝင်ဘာ 20, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက်ပိုင်းက လေကြောင်းမှပစ်ခတ်ခဲ့ရာ အရပ်သားတစ်ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရကာ ဈေးဆိုင်များ ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မှုကြောင့် ကသာမှ မော်လူးသို့ ကုန်စိမ်းကူးသည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး အမျိုးသား(၂)ဦး ဒဏ်ရာရရှိကာ နဘားလမ်းဆုံအနီးရှိ ဈေးဆိုင်နှင့် ဝပ်ရှော့ဆိုင်တချို့ ပျက်စီးခဲ့ကြောင်း Indaw Revolution-IRထံမှ သိရသည်။

ယ‌နေ့ နံနက်ပိုင်းကလည်း နဘားလမ်းဆုံအနီး စော်မော်ချောင်းသို့ တိုက်လေယာဉ်တစ်စီးဖြင့် ဗုံး(၄)လုံး လာရောက်ကြဲချခဲ့ရာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။

#TachileikNewsAgency

Photo : Indaw Revolution-IR