ဘန်ကောက်တွင် တရုတ်-ထိုင်း စုံတွဲကို Sex Toy (၁၈,၀၀၀) နှင့်အတူ ဖမ်းမိ

ဘန်ကောက်တွင် တရုတ်-ထိုင်း စုံတွဲကို Sex Toy (၁၈,၀၀၀) နှင့်အတူ ဖမ်းမိ
အောက်တိုဘာ 14, 2023 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် Sex Toy အရေအတွက် (၁၈,၀၀၀) ကျော် တရားမဝင် လက်ဝယ်ပိုင်ဆိုင်မှုဖြင့် တရုတ်အမျိုးသားနှင့် ၎င်း၏ဇနီး ထိုင်းအမျိုးသားသမီးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ 

အသက် (၂၈) နှစ်အရွယ် Huang Faling နှင့် ၎င်း၏ဇနီး အသက် (၂၄) နှစ်အရွယ် Piyanan တို့ကို ဘန်ကောက်မြို့ Lat Krabang ခရိုင်ရှိ ၎င်းတို့၏ နေအိမ်တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ၏ ပထမပတ်အတွင်းက ဖမ်းဆီးခဲ့ကြောင်း နည်းပညာမှုခင်းနှိမ်နင်းရေးဌာနခွဲမှ ရဲမှူး ရဲဗိုလ်မှူးကြီး Catpawit Wongpinit က ပြောသည်။

၎င်းတို့၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ Sex Toy အရေအတွက် (၁၈,၀၀၀) ကျော် တွေ့ရှိရပြီးနောက် ထိုစုံတွဲကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

Sex Toy များကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း ထိုစုံတွဲက ဝန်ခံထွက်ဆိုခဲ့ကြပြီး အဖမ်းခံရသည့် စုံတွဲက ယခင်က ၎င်းတို့၏ လုပ်ငန်းကို အနှိပ်ပစ္စည်းများ ရောင်းချသည့်လုပ်ငန်းအဖြစ် မှတ်ပုံတင်ထားခဲ့ကြောင်း ရဲဗိုလ်မှူးကြီး Patpawit က ပြောသည်။

အွန်လိုင်းတွင် Sex Toy များ ရောင်းချနေမှုကို စုံစမ်းစစ်ဆေးရာမှ ထိုစုံတွဲကို ခြေရာခံမိပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုအတွင်း Sex Toy ရောင်းသည့်လုပ်ငန်းကို (၃) နှစ်ကြာ လုပ်ကိုင်နေခဲ့ကြောင်းနှင့် ထိုလုပ်ငန်းကနေ ဘတ် (၁၀) သန်း ဝင်ငွေ ရရှိခဲ့ကြောင်းလည်း ၎င်းတို့က ဝန်ခံထွက်ဆိုခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် Sex Toy များကို တရားဝင်ဖြစ်စေ‌ရန်အတွက် ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ဒီမိုကရက်တစ်ပါတီ (Democrat Party) က တွန်းအားပေးခဲ့သည်။ 

Sex Toy များက လိင်ပိုင်းဆိုင်ရာ သာယာမှုထက်ပိုသော အကျိုးကျေးဇူးများ ပိုမိုရရှိစေမည်ဟု ထိုပါတီက ဆိုသည်။ 

လက်ရှိအချိန်၌ ထိုင်းနိုင်ငံတွင် Sex Toy များမှာ တရားမဝင်သော်လည်း ဝယ်လိုအားကြောင့် နိုင်ငံအတွင်းသို့ ခိုးသွင်းနေကြကြောင်းလည်း ဒီမိုကရက်တစ်ပါတီက ပြောသည်။

#TachileikNewsAgency

Source: Bangkok Post