မြိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ကားတစ်စီးကို ဒေသကာကွယ်ရေးတပ်များ မိုင်းခွဲတိုက်ခိုက်ပြီးနောက် လက်နက်တစ်လက်သိမ်းဆည်းရရှိ

မြိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ကားတစ်စီးကို ဒေသကာကွယ်ရေးတပ်များ မိုင်းခွဲတိုက်ခိုက်ပြီးနောက် လက်နက်တစ်လက်သိမ်းဆည်းရရှိ
အောက်တိုဘာ 7, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း မြိုင်မြို့နယ် ကိုင်းတောမမှ စက်မှု(၂)သို့လာသည့် စစ်ကောင်စီတပ်ဖွဲ့ကားတစ်စီးကို ပြီးခဲ့သည့် ‌၂၀၂၃ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ကားတစီးကို မိုင်းပွိုင့်(၃)ပွိုင့် မိုင်း(၆)လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ကားနှင့် စစ်ကောင်စီတပ်သားများ ထိမှန်ပျက်စီးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၏ MA3 သေနတ်တစ်လက်ကျကျန်ခဲ့သည်ဟု သိရသည်။

အဆိုပါလက်နက်အား စစ်ကောင်စီတပ်သားများ ‌ကားပေါ်မှဆင်း၍ ကောက်ယူခြင်းပြုပဲ ထွက်ပြေးသွားကာ မိုင်းကြောင့် လက်နက်လည်း ပျက်စီးသွားသည်ဟု မြိုင်ပကဖ ကယနေ့အောက်တိုဘာလ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း(၁)တပ်ခွဲ(၁)၊ တပ်ရင်း(၃) တပ်ခွဲ(၁)(ဝံပုလွေပြောက်ကျား)နှင့် MUGDF တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo :မြိုင်-ပကဖ