မွေးနေ့အမှတ်တရ ဓာတ်ပုံရိုက်ရန် မိကျောင်းတစ်ကောင် ငှားရမ်းခဲ့သည့် အမေရိကန် အမျိုးသမီး

မွေးနေ့အမှတ်တရ ဓာတ်ပုံရိုက်ရန် မိကျောင်းတစ်ကောင် ငှားရမ်းခဲ့သည့် အမေရိကန် အမျိုးသမီး
စက်တင်ဘာ 29, 2023 | နိုင်ငံတကာသတင်း
By Mr John

 

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှ အမျိုးသမီးတစ်ဦးက မွေးနေ့အမှတ်တရ ဓာတ်ပုံရိုက်ရန် သူမ၏ ယခင်အလုပ်မှ မိကျောင်းတစ်ကောင်ကို ငှားရမ်းခဲ့ပြီး ထိုမိကျောင်းကို ဟိုတယ် ရေချိုးကန်အတွင်း ထည့်ထားခဲ့ကြောင်း ဖလော်ရီဒါပြည်နယ် ငါးနှင့် တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးကော်မရှင် Florida Fish and Wildlife Conservation Commission (FWC) က ပြောသည်။

မိကျောင်းပေါက်တစ်ကောင်ကို ကိုင်တွယ်ထိန်းသိမ်းရန် ဖလော်ရီဒါပြည်နယ် Orange ကောင်တီ ရဲဌာန၏ အကူအညီတောင်းမှုကြောင့် ဝင်းတားဂါးဒင်းမြို့ရှိ Grove Resort and Water Park ဟိုတယ်သို့ FWC အရာရှိများကို စေလွှတ်ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

မက်ဒီဆင် စတီဖင်ဆိုသူ အမျိုးသမီးက ထိုမိကျောင်းကို ဟိုတယ်၏ ရေချိုးခန်းအတွင်း ရေချိုးကန်ထဲတွင် ထည့်ထားခဲ့ကြောင်း ယခုဖြစ်ရပ် အစီရင်ခံစာက ဖော်ပြထားသည်။ 

စတီဖင်သည် တမ်ပါမြို့ရှိ Croc Encounters မိကျောင်းမွေးမြူရေးစခန်းတွင် အလုပ်လုပ်ခဲ့ဖူးပြီး မိကျောင်းကို တရားဝင် ခွင့်ပြုချက်မရှိဘဲ ငှားရမ်းခဲ့ကာ ဟိုတယ်သို့ ယူဆောင်လာပြီး သူမ၏ မွေးနေ့အမှတ်တရအဖြစ် မိကျောင်းနှင့်အတူ ဓာတ်ပုံရိုက်ခဲ့ခြင်း ဖြစ်သည်။

ရဲဌာန၏ အကူအညီတောင်းမှုအရ FWC အရာရှိများက မိကျောင်းကို ကိုင်တွယ်ထိန်းသိမ်းပြီး Croc Encounters မိကျောင်းမွေးမြူရေးစခန်းသို့  မွန်းလွဲပိုင်းတွင် ပြန်လည်ပို့ဆောင်ခဲ့သည်။ 

တရားဝင် ခွင့်ပြုချက်မရှိဘဲ မိကျောင်းတစ်ကောင် ပိုင်ဆိုင်မှုအတွက် စတီဖင်ကို တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်စာ ပေးပို့ထားကြောင်း သိရသည်။

 

Source: NY Post