စစ်ကောင်စီတပ်ဖွဲ့ ထောက်ပို့တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦး အလင်းဝင်လာ

စစ်ကောင်စီတပ်ဖွဲ့ ထောက်ပို့တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦး အလင်းဝင်လာ
စက်တင်ဘာ 26, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကောင်စီတပ်ဖွဲ့ အမှတ်(၉၃၀)၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း(နမခ)မှ ဒုတပ်ကြပ်တစ်ဦး ပြည်သူ့ဘက်သို့ အလင်းဝင်လာကြောင်း ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့တွင် CDF CDM Siyinက သတင်းထုတ်ပြန်သည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (မုံရွာ)မှ အမှတ်(၉၃၀)၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းမှ ဒုတိယတပ်ကြပ် ဦးငိုလျန်ကျင်သည် CDF CDM Siyin နှင့်ပူးပေါင်းပြီး အလင်းဝင်လာသဖြင့် ဘေးကင်းလုံခြုံသည့်နေရာသို့ တာဝန်ယူပို့ဆောင်ထားကြောင်း သိရသည်။

တော်လှန်ရေးစတင်ချိန်မှာ ယနေ့အထိ CDF CDM Siyinနှင့် လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်သားမှာ (၁၀)ဦးကျော်ရှိနေပြီဖြစ်သည်ဟုလည်း သိရသည်။

#TachileikNewsAgency