NUG နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးမိုးဇော်ဦး နှင့် အမေရိကန်နိုင်ငံ  အိုင်အိုဝါပြည်နယ်မှ မြန်မာများ တွေ့ဆုံ

NUG နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးမိုးဇော်ဦး နှင့် အမေရိကန်နိုင်ငံ  အိုင်အိုဝါပြည်နယ်မှ မြန်မာများ တွေ့ဆုံ

 အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ် ဒဲမိုအင်မြို့နှင့် မာရှယ်တောင်း မြို့များရောက် မြန်မာများ နှင့်  NUG နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့  ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၉)ရက်နေ့ကနေ  (၃၁) ရက်နေ့ အထိတွေ့ဆုံခဲ့ကြောင်း သိရသည်။

မြန်မာမိသားစုများ၊ အခြားမြန်မာနွယ်ဖွား၊ တိုင်းရင်းသားလူမျိုးများနှင့် တွေ့ဆုံဆွေးနွေးပွဲများတွင် NUG အစိုးရ၏ လက်ရှိလုပ်ဆောင်နေသောလုပ်ငန်းများ၊ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာလုပ်ငန်းစဥ်များ၊ လက်ရှိတော်လှန်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ပြည်သူလူထု၏ ပါဝင်ဆောင်ရွက်နိုင်မှု၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အကူအညီများကိစ္စ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေများနှင့် နိုင်ငံတကာ တရားစီရင်မှုယန္တရားကို အသုံးပြု၍ တရားမျှတမှု၊ တာဝန်ယူ တာဝန်ခံမှုဆိုင်ရာ ဆောင်ရွက်ချက်များ၊ တိုင်းရင်းသားလူမျိုး သီးသီး အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံခြားရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များ၊ ရံပုံငွေရှာဖွေရးဆိုင်ရာကိစ္စရပ်များနှင့် တော်လှန်ရေးအောင်မြင်မှုဆိုင်ရာ အထောက်အပံ့ဖြစ်စေသော လုပ်ငန်းရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း ချင်းခရစ်ယာန်အသင်းတော်များ၊ အာသောကရာမ ရခိုင်ဘုန်းတော်ကြီးကျောင်းနှင့် ယောနွယ်ဓမ္မစင်တာမှ ဘုန်းတော်ကြီး တို့အား သွားရောက်ဖူးမျော်ပြီး လူထုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်ဟု သိရသည်။ 

US Advocacy Coaliation Myanmar (USACM) မှ Mike Haack က Burma Act/NDAA နှင့် ပတ်သက်၍ အိုင်အိုဝါပြည်နယ်တွင် နေထိုင်သည့် မြန်မာနွယ်ဖွားတိုင်းရင်းသား လူမျိုးများအနေဖြင့် အမေရိကန် အစိုးရကို အကောင်းဆုံးနှင့် အမြန်ဆုံးအကောင်အထည်ဖေါ်ရန်အတွက် ဆက်လက်လှုပ်ရှားရန် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။