မြဝတီမြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများရ

မြဝတီမြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများရ

ကရင်ပြည်နယ် မြဝတီမြို့ လက်ခတ်တောင်အနီးတဝိုက်တွင် ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု Cobraစစ်ကြောင်းထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wingsတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးတစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်ထံမှ MA-3 (၁)လက်၊ RPG (၃)လုံး၊ 60mm (၃)လုံး၊ အီနာဂါ (၄)လုံးနှင့် မိုဘိုင်းဖုန်း (၇)လုံးတို့အား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

အထိနာသည့် စစ်ကောင်စိတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ပစ်ကူပေးခဲ့ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : Cobra Column