မြိတ်ခရိုင် လက္ကူးကျေးရွာမှ မူးယစ်ဆေးဖြန့်ဖြူးရောင်းချနေသူ တစ်ဦးကို PDFဖမ်းဆီး

မြိတ်ခရိုင် လက္ကူးကျေးရွာမှ မူးယစ်ဆေးဖြန့်ဖြူးရောင်းချနေသူ တစ်ဦးကို PDFဖမ်းဆီး

တနင်္သာရီတိုင်း မြိတ်ခရိုင် လက္ကူးကျေးရွာအတွင်း မူးယစ်ဆေးဖြန့်ဖြူးရောင်းချနေသူအား ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့တွင် PDFက ဝင်ရောက်ဖမ်းဆီးခဲ့ရာ ရောင်းချသူနှင့်အတူ မူးယစ်ဆေးများကို သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက္ကူးကျေးရွာအတွင်းတွင် မူးယစ်ဆေး ဖြန်ဖြူးရောင်းချနေသည့် ဦးကျော်အေး၏ နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ငွေကျပ်သိန်း(၃၆၀)ကျော်နှင့်အတူ WYဆေးပြား(၆၄,၉၃၅)ပြား၊ ဘုံ(ဆက်စပ်)တစ်လုံး၊ဆေးအသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ နားစွဲ(၃)စုံ (၁)ခြမ်း၊ ဟန်းချိန်း (၁)ခု၊ လက်ကောက် (၅)ကွင်း၊ လက်စွပ် (၃)ကွင်း၊ ဆွဲကြိုး(၃)ကုံးနှင့် လော့ကတ် (၂)ခုတို့အား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိသူနှင့် ပစ္စည်းများကို ပုလောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံအပ်နှံပြီး ဥပဒေနှင့်အညီအရေးယူမှုများ လုပ်ဆောင်သွားမည်ဟု သိရသည်။

#TachileikNewsAgency

Photo : Ministry of Defence-NUG