နှစ်ရက်ကြာဖြစ်ပွားခဲ့သည့် ဟားခါး-ထန်တလန်ကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး လက်နက်ခဲယမ်းများရ 

နှစ်ရက်ကြာဖြစ်ပွားခဲ့သည့် ဟားခါး-ထန်တလန်ကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး လက်နက်ခဲယမ်းများရ 

ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်အကြားရှိ သီတာနားနေစခန်းအနီးတွင် ၂၀၂၃ခုနှစ် ဇူလိုင်လ (၇)ရက်နေ့နှင့် (၈)ရက်နေ့တို့တွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်များအကြား နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး‌နောက် နယ်မြေရှင်းလင်းခဲ့ရာ သေဆုံးနေသည့် စစ်ကောင်စီ တပ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်များက ယနေ့ ဇူလိုက်လ (၉)ရက်နေ့တွင် နယ်မြေရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား (၆)ဦး၏ အလောင်းများကို ရှင်းလင်းခဲ့ပြီး သေနတ် (၄)လက်အပါအဝင် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၈)ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲခဲ့သည့်အပြင် ဟားခါးမြို့မှလည်း လက်နက်ကြီးနှင့် ပစ်ကူပေးခဲ့‌ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်များထံမှ သိရသည်။

#TachileikNewsAgency

Photo : CNA