ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွား

ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွား

ပဲခူတိုင်း၊ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စုကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ (၃)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အင်အား(၅၀)ဝန်းကျင်ဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ(၃)ရက်နေ့က စတင်ကာ စစ်ကြောင်းထိုးလာရာ အိုးမြေတူးကျေးရွာနှင့် ရှမ်းစုကျေးရွာကြား နှမ်းခင်းအရောက်တွင် ရေတာရှည်မြို့နယ်ပကဖက မိုင်းဆွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကြောင်း သိရသည်။

ဇူလိုင်လ(၅)ရက်နေ့တွင်လည်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် ကို စည်ပိုင်းကျေးရွာနှင့် မိချောင်းအိုင်ကျေးရွာအုပ်စု၊ မိချောင်းအိုင်ကျေးရွာကြားရှိ နဂျပ်ချောင်းစပ်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးသူရှိကာ ပြန်လည်ဆုတ်ခွါသွားကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လ (၆)ရက်နေ့တွင် စည်ပိုင်းကျေးရွာအရှေ့ဘက် နဂျပ်ချောင်းစပ်သို့ ထပ်မံစစ်ကြောင်းထိုးလာရာ တိုက်ပွဲထပ်ဖြစ်ပြီး ပြန်လည်ဆုတ်ခွာသွားသော်လည်း မိချောင်းအိုင်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ငူခရိုင် တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ(၄)၊ တပ်ခွဲ(၆)နှင့် အလယ်ပိုင်းတိုင်း နေပြည်တော်စစ်ဒေသခွဲ ရိုးမစစ်ကြောင်းတို့က ပူးပေါင်းလုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency