ရေစကြိုမြို့နယ်အတွင်း နံနက်ခင်းဈေးတွင် စစ်ကောင်စီတပ်သားများကို PDF က ပစ်ခတ် တိုက်ခိုက် 

ရေစကြိုမြို့နယ်အတွင်း နံနက်ခင်းဈေးတွင် စစ်ကောင်စီတပ်သားများကို PDF က ပစ်ခတ် တိုက်ခိုက် 

 

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် စျေးကောက်လာသည့် စစ်အုပ်စုတပ်သားများကို တိုက်ခိုက်ခဲ့ကြောင်း Southern Yesagyo PDFက ယနေ့ ၂၀၂ခုနှစ် ဧပြီလ(၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ 

ရေစကြိုမြို့ပေါ်  ရုံးပေါင်းစုံတည်ရှိရာ အရှေ့ဖက်ရွှေတန်ဆာ နံနက်ခင်းဈေး၌ ဈေးကောက်လာသော စစ်ကောင်စီတပ်သား(၄)ဦးအား  အသင့်စောင့်ဆိုင်းနေသော PDFရဲဘော်များက ဧပြီလ(၁၀)ရက်နေ့၏ နံနက်(၇)နာရီခွဲဝန်းကျင်အချိန်တွင် ထိပ်တိုက်တွေ့ဆုံကာ အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ပြည်သူများ ရူပ်ယှက်ခတ်နေသော အနေအထားကို အခွင့်အရေးယူကာ စစ်အုပ်စုတပ်သားများက ရုံးပေါင်းစုံဘက်သို့  ထွက်ပြေးသွားသော်လည်း PDF များက ရုံးပေါင်းစုံ အနီးထိ

နောက်မှ လိုက်လံ ပစ်ခတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား(၁)ဦး သေဆုံးပြီး (၁)ဦးမှာ ခြေသလုံးထိမှန်သွားသည့်အပြင် နောက်(၁)ဦးမှာလည်း ပေါင်ထိမှန်သွားကြောင်း သိရသည်။



ထို့နောက် PDF ရဲဘော်များ ပြန်လည်ဆုတ်ခွာလာရာနေရာ၌ စစ်ကောင်စီ တပ်သားများ အသင့် လမ်းပိတ် စောင့်ဆိုင်းနေစဉ်  အပြန်အလှန် ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့သော်လည်း PDF ဘက်က ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။