(၁၄၈)နှစ်မြောက် ကရင်နီအမျိုးသားနေ့ နယ်စပ်၌ပြုလုပ်

(၁၄၈)နှစ်မြောက် ကရင်နီအမျိုးသားနေ့ နယ်စပ်၌ပြုလုပ်
ဇွန် 21, 2023 | 2021 Military Coup| ကယား

(၁၄၈)နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားကို ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ (၂၁)ရက်နေ့တွင် ထိုင်း-ကရင်နီ နယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကရင်နီအမျိုးသား နိုင်ငံတော်သီချင်းဆိုခြင်း၊ ကရင်နီအမျိုးသားနေ့ ဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားခြင်း၊ KNPP မဟာမိတ်အဖွဲ့မှ ပေးပို့လာသော သဝဏ်လွှာ တချို့အားဖတ်ကြားခြင်းနှင့် ရိုးရာအကများဖြင့် ဖျော်‌‌ဖြေခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး ဒေသခံအများအပြားလည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။

#TachileikNewsAgency

Photo : KnIC