ရေနံချောင်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှင့် ရဲစခန်းကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

ရေနံချောင်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှင့် ရဲစခန်းကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

မကွေးတိုင်း ရေနံချောင်း မြို့ရှောင်လမ်းပေါ်ရှိ ယာကြီးပြင်ရပ်ကွက်အထွက် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှင့် ရေနံချောင်း မြို့မရဲ‌စခန်းတို့ကို ဒေသကာကွယ်ရေးတပ်များက ပြီးခဲ့သည့် ဇွန်လ(၁၆)ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယာကြီးပြင်ရပ်ကွက် အထွက်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး ထိခိုက်သေဆုံးနိုင်သည်ဟု Chauk Guerrilla Force C.G.Fက ဇွန်လ(၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထို့အပြင် ရေနံချောင်း မြို့မရဲ‌စခန်းကိုလည်း ခြံစည်းရိုးအနီးထိကပ်ကာ ရဲများဝိုင်းဖွဲ့၍ လက်ဖက်ရည်သောက်နေစဉ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ဦးသေဆုံးနိုင်သည်ဟု သိရသည်။

တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဘက်က MI 35ရဟတ်ယာဉ်တစ်စီးဖြင့် ရေနံချောင်းမြို့ပေါ်သို့ ပျံဝဲခဲ့သည်ဟုဆိုသည်။

တိုက်ခိုက်မှုကို Yenanchaung Local People's Defence Force(ဖေကံကောင်း ရေနံချောင်း )၊ Chauk Guerrilla Force C.G.F (ချောက်မြို့နယ် ‌ပြောက်ကျားတပ်ဖွဲ့ )၊ ချောက်(ပကဖ)နှင့် Mgway Guerrilla Warfareတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency