Area 71 PDF ၏ စခန်း ဝင်ရောက်စီးနင်းခံရကာ အဆောက်အဦးများနှင့် လက်နက်ခဲယမ်းများအားမီးရှို့ပြီး ဓားစာခံကို ပစ်သတ်သွား

Area 71 PDF ၏ စခန်း ဝင်ရောက်စီးနင်းခံရကာ အဆောက်အဦးများနှင့် လက်နက်ခဲယမ်းများအားမီးရှို့ပြီး ဓားစာခံကို ပစ်သတ်သွား

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ Area 71 People Defence Force Monywna စခန်း  အာဏာသိမ်းစစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းမှုကို ခံရကာ အဆောက်အဦးများနှင့် လက်နက်ခဲယမ်းများ မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ၂၀၂၃ခုနှစ်၊ မေလ(၃၁)ရက်နေ့ နံနက်ပိုင်းက ချောင်းဦးမြို့မှ Jummer ကားနှစ်စီးဖြင့် ခင်မွန်ဘက်စုံ ဘက်သို့တက်လာပြီး မုံရွေးရွာ၏ အရှေ့ဘက်တောခြေမှ ကြေးမုံရွာ အရှေ့ဘက်တောခြေသို့ စစ်ကြောင်းထိုးကာ Area 71 People Defence Force Monywna စခန်းအား ဝင်ရောက်စီးနင်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် ၎င်းတို့လူသားဒိုင်းအဖြစ် လမ်းပြခေါ်ဆောင်လာသူ အရပ်သား တစ်ဦးအား ပစ်သတ်ပြီး အလောင်းအား စခန်းအတွင်းရှိ လက်နက်ပစ္စည်းများ နှင့်အတူ မီးရှို့သွားခဲ့သည်ဟု သိရသည်။

စခန်းဝင် ရောက်စီးနင်းသွားသော်လည်း Area71 PDF ရဲဘော်များအားလုံး အချိန်မှီစခန်းမှ ထွက်ခွါနိုင်ခဲ့သည်ဟု သတင်းထုတ် ပြန်ထားသည်။

#TachileikNewsAgency

Photo: Area 71 People Defence Force Monywna