ထိုင်ဝမ်နှင့် ဖိလစ်ပိုင်အနီး ကမ်းလွန် ပင်လယ်ပြင်တွင် တိုက်ခတ်နေသည့် တိုင်ဖွန်းမုန်တိုင်း မဝါ ဂျပန်တောင်ပိုင်းကို ဦးတည်‌

ထိုင်ဝမ်နှင့် ဖိလစ်ပိုင်အနီး ကမ်းလွန် ပင်လယ်ပြင်တွင် တိုက်ခတ်နေသည့် တိုင်ဖွန်းမုန်တိုင်း မဝါ ဂျပန်တောင်ပိုင်းကို ဦးတည်‌
By Mr John

 

ကမ်းလွန် ပင်လယ်ပြင်တွင် တိုက်ခတ်နေသည့် တိုင်ဖွန်းမုန်တိုင်း မဝါ (Typhoon Mawar) ကြောင့် ၂၀၂၃ခုနှစ် မေလ (၃၀) ရက်နေ့က ထိုင်ဝမ်ကျွန်း အရှေ့ဘက်ကမ်းရိုးတန်းတွင် လေပြင်းတိုက်ခြင်း၊ မိုးရွာခြင်းနှင့် လှိုင်းကြီးခြင်းတို့ ဖြစ်ပါ်ခဲ့ပြီး ထိုမုန်တိုင်းမှာ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကိုလည်း ဖြတ်သန်းဝင်ရောက်ခဲ့ကြောင်းနှင့် လက်ရှိတွင် ဂျပန်နိုင်ငံ တောင်ပိုင်းသို့  ဖြေးညှင်းစွာ ဦးတည်ရွေ့လျားနေကြောင်း သိရသည်။

ထိုင်ဝမ်တွင် မုန်တိုင်းကြောင့် ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ရေလှိုင်များ တက်ရောက်ခဲ့ပြီး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသည့် Yilan မြို့ခံများမှာ ငါဖမ်းလှေများနှင့် နေအိမ်များကို မုန်တိုင်းတိုက်ခတ်မှု အခြေအနေအတွက် ပြင်ဆင်ထားခဲ့ကြသည်။ 

ဖြေးညှင်းစွာ ရွေ့လျားနေသည့် တိုင်ဖွန်း မဝါမှာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဂူအမ်ကျွန်းကို ဝင်ရောက်ခဲ့ပြီးနောက် အားလျော့နည်းသွားသော်လည်း အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် (၉၆) မိုင်ကျော်ဖြင့် အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင် မိုးလေဝသပညာရှင်များက ဆိုသည်။

တိုင်ဖွန်း မဝါ မှာ မေလ (၃၀) ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ Batanes ပြည်နယ်မြို့တော် Basco မြို့၏ အရှေ့ဘက် (၂၁၇) မိုင်ခန့်အကွာ ကမ်းလွန် ပင်လယ်ပြင်တွင်ရှိနေပြီး မေလ (၃၁) ရက်နေ့၌ အ‌ရှေ့‌မြောက်ဘက်သို့ ရွေ့လျားပြီး ဂျပန်နိုင်ငံ တောင်ပိုင်းကို ဦးတည်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

Source: AP