မုန်တိုင်းဒဏ်သင့် ရခိုင်ပြည် ပြန်လည်ထူထောင်ရေးအတွက်  ရက္ခိုင့်တပ်တော်သို့  NUG၊ KIO နှင့် MNDAA တို့က ကျပ်သိန်း (၅,၀၀၀)လှူဒါန်း

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည် ပြန်လည်ထူထောင်ရေးအတွက်  ရက္ခိုင့်တပ်တော်သို့  NUG၊ KIO နှင့် MNDAA တို့က ကျပ်သိန်း (၅,၀၀၀)လှူဒါန်း

 မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည့် ရခိုင်ပြည်နယ်ပြန်လည်ထူ‌ထောင်ရေး အတွက်  NUG၊ KIO နှင့် MNDAA တို့က ကျပ်သိန်း (၅,၀၀၀)လှူဒါန်းလာမှုကို လက်ခံရရှိကြောင်း ရက္ခိုင့်တပ်တော် (AA)က ယနေ့ ၂၀၂၃ခုနှစ် မေလ(၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်နောက်ဆက်တွဲ အ‌ရေးပေါ်  ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လူသားချင်းစာနာထောက် ထားမှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ကျပ်သိန်း(၁,၀၀၀)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ကျပ်သိန်း(၃,၀၀၀) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)က ကျပ်(၁,၀၀၀) လှူဒါန်းပေးခြင်း ဖြစ်သည်။



မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်သူများ ဒုက္ခရောက်နေသည့် အချိန်တွင် ယခုကဲ့သို မိတ်ဆွေပီသစွာ ပံ့ပိုးကူညီမှုများအပေါ် ရခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ်နှင့် ရခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကျေးဇူးတင်လွှာတွင် ရေးသားထားသည်။

 ၂၀၂၃ခုနှစ် မေလ(၁၄)ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်း မုန်တိုင်း‌ကြောင့် ရခိုင်ပြည်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြိုနယ်များတွင် ပျက်စီးဆုံးရှုံးမှုများခဲ့ပြီး လူထိခိုက်သေဆုံးမှုလည်းရှိခဲ့သည်။