ထီးလင်မြို့နယ် ပအဖ(အနောက်ခြမ်း)ရုံး လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်နှင့်  YRA ထီးလင်းတို့ တိုက်ပွဲ ဖြစ်ပွား

Photo: Yaw Revolution Army-ထီးလင်း
Photo: Yaw Revolution Army-ထီးလင်း
ထီးလင်မြို့နယ် ပအဖ(အနောက်ခြမ်း)ရုံး လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်နှင့်  YRA ထီးလင်းတို့ တိုက်ပွဲ ဖြစ်ပွား

 မကွေးတိုင်း ထီးလင်းမြို့နယ်တွင် မီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်း Yaw Revolution Army - ထီးလင်းက ထုတ်ပြန်သည်။

၂၀၂၃ခုနှစ် ဧပြီလ(၁၉)ရက်နေ့တွင် စတင်စစ်ကြောင်းထိုးလာသော ထီးလင်းအထိုင်တပ်မှ စစ်အုပ်စုတပ်နှင့် ပျူအင်အား(၁၅၀)ခန့်ပါသည့် စစ်ကြောင်းသည် ဧပြီလ (၂၀)ရက်နေ့၏  ညနေ(၃)နာရီခွဲဝန်းကျင်အချိန်က ပုဇင်းချောင်ကျေးရွာမှ အိမ်ခြေ ( ၂၂)အိမ်အား မီးရှို့ပြီး ထွက်လာစဥ် ဂန့်ဂေါခရိုင် PDFတပ်ရင်း(15/16/17)-YRA ထီးလင်းမှ ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က တပ်သား(၄)ဦး သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရသူ (၄)(၅)ဦးခန့်ရှိနိုင်ကြောင်း သိရသည်။ 

ထိုနေ့ နေ့လည် (၁၂)နာရီခွဲဝန်းကျင်အချိန်တွင် လောင်းဘိုလေးကျေးရွာအနီးရှိ ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးရုံး(အနောက်ခြမ်း)သို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့်  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဘက်က ရဲဘော်(၃)ဦး သေဆုံးပြီး (၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။



ပုံအညွှန်း - ဂျက်ဖိုက်တာဖြင့် ဗုံး(၃)လုံး ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရသော ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(အနောက်ခြမ်း)၏ရုံး