မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ယာဉ်တန်းများကို (၄)ကြိမ် မိုင်းဆွဲ တိုက်ခိုက်

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ယာဉ်တန်းများကို (၄)ကြိမ် မိုင်းဆွဲ တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ကျေးရွာ(၃)ရွာကြားရှိ ကားလမ်းများပေါ် ဖြတ်သန်းသွားသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ ယာဉ်တန်းကို (၄)ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ(၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။



၂၀၂၃ခုနှစ် ဧပြီလ(၂၀)ရက်နေ့က စက်မှု(၂)မှ ထွက်လာသည့် စစ်ကောင်စီတပ်၏ ယာဉ်တန်းကို မြိုင်မြို့နယ်အတွင်း သရက်ကန် ပျူစောထီးစခန်း နှင့် တွင်းမ ပျူစောထီးစခန်းအကြားတွင် (၁)ကြိမ်၊ တွင်းမပျူစောထီးစခန်း နှင့် ကမ္မကြားတွင် (၃)ကြိမ်း စုစုပေါင်း မိုင်း(၄)ကြိမ်ဆွဲကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်း(၄)ကြိမ်ဆွဲကာ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ယာဉ်တန်းထဲက ကားများ ထိခိုက် ပျက်စီးမှုများသွားသလို ယာဉ်တန်းအတွက် ကင်းထောက်လာသည် ရေလာလေးပျူစောထီးအဖွဲ့မှ ကားတစ်စီးလည်း ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ရင်း(၁) ၊ တပ်ခွဲ(၁)၊ တပ်ခွဲ( ၂ ) ( ဂဠုန်) ၊ KMDF (ကမ္မဒေသကာကွယ်ရေးတပ်ဖွဲ့)နှင့် အလင်းတန်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့