တောင်တွင်းဒေသတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်

Photo: MinKin People's Defence Force - Mkpdf-2
Photo: MinKin People's Defence Force - Mkpdf-2
တောင်တွင်းဒေသတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ တောင်တွင်းဒေသ၊ မအူရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစခန်းကို တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း MinKing People's Defence Force-Mkpdf 2 က ယနေ့ ဧပြီလ(၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ၏ ရှေ့တန်းစခန်း၊ ကတုတ်ကျင်း၊ ဘန်ကာများအား ဖျက်ဆီးနိုင်ခဲ့ပြီး ရဟတ်ယာဥ် ဆင်းကွင်း ( ၂ )ကွင်းကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

၎င်းစခန်းကို ကလေးခရိုင်၊ အမှတ်(၁၁) တပ်ရင်း မင်းကင်းက မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နယ်မြေစိုးမိုးမှုများ ဆက်တိုက်ဆောင်ရွက်နေ ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲမှာ  ၂၀၂၃ခုနှစ်၊ ဧပြီလ(၁၀)ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ ယနေ့မှသာ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း အသိပေးထားရှိသည်။

 

အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သဖြင့် ဒေသခံများ ယင်းနေရာများအားရှောင်ရှားကြရန်နှင့် သတိပေးထုတ်ပြန်ချက်များကို လိုက်နာပူးပေါင်းပေးကြရန် အသိပေးထားသည်။

ပုံအညွှန်း - စစ်ကောင်စီတပ်၏ စခန်းအတွင်း ရဟတ်ယာဉ်ကွင်းကို ဖျက်ဆီးနေကြသည့်ပုံများနှင့် ကင်းပုန်းနေရာများပုံ