ဂျပန်ဝန်ကြီးချုပ် မိန့်ခွန်းပြောနေစဉ် ပေါက်ကွဲမှုဖြစ်

Mandatory credit Kyodo via REUTERS
Mandatory credit Kyodo via REUTERS
ဂျပန်ဝန်ကြီးချုပ် မိန့်ခွန်းပြောနေစဉ် ပေါက်ကွဲမှုဖြစ်
By Tachileik News Agency

ဂျပန်နိုင်ငံ ဝါကာယာမတွင် ၂၀၂၃ ခုနှစ် ဧပြီလ (၁၅)ရက်နေ့တွင် ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ မိန့်ခွန်းပြောနေစဉ် ပိုက်လုံးကဲ့သို့အရာတစ်ခု အနီးအနားတွင် ကျရောက်ပေါက်ကွဲ၍ မီးခိုးများထွက်လာသည့်အတွက် ဝန်ကြီးချုပ်ကို ဘေးကင်းလုံခြုံရာ အမြန်ခေါ်ထုတ်ခဲ့ရကြောင်း သိရသည်။



ငါးဖမ်းဆိပ်ကမ်းကို သွားရောက်ခဲ့ပြီး မိန့်ခွန်းပြောနေစဉ် ပိုက်လုံးကဲ့သို့ ပစ္စည်းတစ်ခု အနီးသို့ကျလာကာ ပေါက်ကွဲသံကို ကြားခဲ့ရခြင်းဖြစ်ပြီး ဝန်ကြီးချုပ်မှာ ဘေးကင်းကြောင်း NHK သတင်းတွင် ဖေါ်ပြသည်။ 



အခင်းဖြစ်နေရာမှ အမျိုးသားတစ်ဦးကို လုံခြုံရေးအဖွဲ့များက ချက်ချင်းဖမ်းဆီးလိုက်ကြောင်းလည်း သိရသည်။