ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်ထိမှန်၊ တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေ

ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်ထိမှန်၊ တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေ
ဧပြီ 14, 2023 | ရှမ်းမြောက်

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ကွတ်ခိုင်မြို့တွင် ကွတ်ခိုင်အခြေစိုက် အာဏာသိမ်းစစ်တပ်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားပြီး ဆက်လက် ထိခိုက်မည်ဆိုး၍ မိသားစုလိုက် တိမ်းရှောင်နေရကြောင်း သိရသည်။

"အိမ်က စစ်တပ်နဲ့နီးတော့ ကျွန်မတို့ မနေရဲဘူး။ သူတို့ပစ်လိုက်ရင် အသံက အနီးကပ်ကြားရတော့ စိတ်မချမ်းသာဘူး။ ကျွန်မ ကလေးတွေခေါ်ပြီး ရှောင်ထားတယ်"ဟု လက်နက်ကြီးထိမှန်ခဲ့ရသည့် နေအိမ်၏ ပိုင်ရှင် အမျိုးသမီးက ပြောသည်။

လက်နက်ကြီးကြောင့် နေအိမ်ခေါင်မိုး နှင့်  ဘုရားစင်တို့ ထိမှန်ကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဧပြီလ(၁၄)ရက်နေ့ နံနက်(၈)နာရီဝန်းကျင်အချိန်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)မှ လွယ်ဆိုင်ကျေးရွာကနေ အာဏာသိမ်း စစ်ကောင်စီတပ်စခန်းဖြစ်သည့် ဗျူဟာတပ်ကို တိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပြီး ရမ်းသမ်းပစ်ခတ်ခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများကို စိုးရိမ်နေကြရကြောင်း သိရသည်။