ကလေးမြို့နယ်အတွင်း PDF (၁၀ )ဦးကို ဖမ်းဆီးထားဟု  စစ်ကောင်စီဘက်က ဆို 

ကလေးမြို့နယ်အတွင်း PDF (၁၀ )ဦးကို ဖမ်းဆီးထားဟု  စစ်ကောင်စီဘက်က ဆို 

 

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာတွင် ၂၀၂၃ခုနှစ်၊  ဧပြီလ(၁၂)ရက်နေ့၏ နံနက်ပိုင်းက ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-Kalay)၏ တပ်ဖွဲ့ဝင် ရဲဘော် (၁၀ )ဦးကို ဖမ်းဆီးပြီး ( ၁ )ဦး ဒဏ်ရာရကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန် နယ်များက ဖော်ပြထားသည်။

၎င်းတို့နှင့်အတူ ကားတစ်စီး အပါအဝင် လက်နက်၊ ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် အသုံးဆောင် ပစ္စည်းများ သိမ်းဆည်းရမိသည်ဟုလည်း ဆိုထားသည်။

ဖမ်းထားသူ(၁၀)ဦးတွင် (၁)ဦးမှ ဒဏ်ရာရရှိထား



သိမ်းဆည်းရမိသည်ဟုဆိုသည့် လက်နက်ခဲယမ်းများမှာ SIG SAUER ပစ္စတိုသေနတ် (၁)လက်၊ အမ်-၄ ကာဘိုင်သေနတ်၊ ၉ မမကျည်အိမ် (၁) ခု၊ ၃၅ တောင့်ဝင်ကျည်အိမ်(အမ်အေ) ( ၂ )ခု၊ ၉ မမကျည် ( ၉ )တောင့်၊ ၅.၅၆ မမကျည် (၄၅) တောင့်၊ ၇.၆၂ မမကျည် ( ၂ )တောင့်၊ အမ်-၂၂ ကျည် ( ၃ )တောင့်၊ ၁၂ ဗို့ကျည် ( ၄၂ )တောင့်၊ စကားပြောစက် (၂)လုံး နှင့် ပြောက်ကျားယူနီဖောင်း (၁၀)စုံတို့ ဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် ကျည်ကာအင်္ကျီ (၁)ထည် Toyota Crown (ခဲရောင်) ယာဉ် (၁)စီး၊ ဖုန်းမျိုးစုံ ( ၆ )လုံး၊ ပြောက်ကျားဦးထုပ် (၁)လုံး၊ ကျောပိုးအိတ် (၉)လုံးတို့လည်း သိမ်းဆည်းရရှိသည်ထဲတွင် ပါဝင်သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ PDF Kalay ဘက်က ထုတ်ပြန် ထားခြင်းမရှိသေးသဖြင့် အတည်မပြုနိုင်သေးပေ။