မဲဆောက်တွင် တော်လှန်ရေးအင်အားစုနေထိုင်သည်ဟုဆိုသည့် အဆောက်အဦးကို ထိုင်းစစ်တပ်ဝင်စီးနင်း

မဲဆောက်တွင် တော်လှန်ရေးအင်အားစုနေထိုင်သည်ဟုဆိုသည့် အဆောက်အဦးကို ထိုင်းစစ်တပ်ဝင်စီးနင်း

 

မြန်မာ -ထိုင်းနယ်စပ် မဲဆောက်မြို့တွင် မြန်မာတော်လှန်ရေးအင်အားစုနေထိုင်သည်ဆိုသည့် လေးထပ်အဆောက်အဦကို ထိုင်းစစ်တပ်က ၂၀၂၃ ခုနှစ် မတ်လ (၂၂)ရက်နေ့တွင် ဝင်ရောက်စီးနင်းသည်ဟု ထိုင်းသတင်းများတွင် ဖေါ်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သူများ လာရောက်ခိုလှုံနေသည့်သတင်းအရ ဝင်ရောက်စီးနင်းခြင်းဖြစ်သည်ဟု သိရသည်။

ဝင်ရောက်စီးနင်းမှုအတွင်း လွတ်မြောက်သွားသူများလည်းရှိပြီး ဖမ်းဆီးခံရသူများလည်းရှိသည်ဟု သိရသည်။

အဆောက်အဦအတွင်းမှ စစ်ယူနီဖောင်းအချို့၊ ဒရုန်းနှင့် ခဲယမ်းအချို့၊ ဆေးပစ္စည်းတွေ့ရှိသည်ဟု သိရပြီး အဆောက်အဦတွင် ဝင်ရောက်သိမ်းဆည်းမှုအတွင်း သတင်းထောက်များ ဝင်ခွင့်မရကြောင်း ထိုင်းသတင်းဌာနအချို့၏ ဖေါ်ပြချက်အရ သိရသည်။

အဆိုပါ အဆောက်အဦမှာ နှစ်ပေါင်းများစွာအသုံးမပြုဘဲထားရာမှ လူများပြန်လည်နေထိုင်လာခြင်းဖြစ်သည်ဟု Matichon သတင်းကဖေါ်ပြထားသည်။

မြန်မာတော်လှန်ရေးအင်အားစုများသည် မဲဆောက်တွင် နေရာမျိုးစုံ၊ အလုပ်မျိုးစုံ၌ ပျံ့နှံ့ရောက်ရှိနေသည်ဟု လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက သတင်းဌာနအား ပြောကြားသည်ဟု Matichon သတင်းက ဖေါ်ပြသည်။

အလားတူ မြန်မာ - ထိုင်းနယ်စပ်ဖြစ်သည့် ချင်းရိုင်းဘက်တွင်လည်း မြန်မာစစ်တပ်က အလိုရှိသူများကို ထိုင်းစစ်တပ်က ဖမ်းဆီးလွှဲပြောင်းပေးခြင်းများ လုပ်လာသည်ကိုလည်း တွေ့ရသည်။

 

Source: Matichon Online