အာဏာသိမ်းစစ်အုပ်စုအတွက် လက်နက်ခဲယမ်းများထုတ်လုပ်ပေးနေသည့် ကပစ(၁၂)ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

အာဏာသိမ်းစစ်အုပ်စုအတွက် လက်နက်ခဲယမ်းများထုတ်လုပ်ပေးနေသည့် ကပစ(၁၂)ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်
ဖေဖော်ဝါရီ 16, 2023 | 2021 Military Coup

 မကွေးတိုင်း၊ သရက်မြို့တွင် အာဏာသိမ်းစစ်တပ်အတွက် လက်နက်ခဲယမ်းများထုတ်လုပ်ပေးနေသည့်  အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ တပ်အား ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၊ ညပိုင်းက ရှော့တိုက်ဒုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင် PDF တပ်ရင်း (၄)က ယနေ့‌ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၎င်းစစ်အုပ်စုတပ်ကို (၉၀)မမ ရှော့တိုက်ဒုံးနှစ်လုံးဖြင့် ပစ်ခတ်ခဲ့ရာ တစ်လုံးမှာ ‌ကပစ ၁၂ လူပျိုဆောင်နှစ်ခုကြား ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးနှင့် စစ်အုပ်စုတပ်သားများ ထိခိုက်မှုရှိ၊ မရှိကို မသိရသေးပေ။

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့ကလည်း အဆိုပါ ကပစ (၁၂)တပ်ကို သရက်ခရိုင် PDF တပ်ရင်း (၄)က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

 ကပစ(၁၂)သည် သရက်မြို့နယ်အတွင်း၊ စခန်းကြီးကျေးရွာ သရက်မြို့နယ်၊ စခန်းကြီးကျေးရွာနှင့် ပိတောက်ပင်ကျေးရွာတို့၏ တောင်ဘက် (၃)မိုင်ကျော်တွင်တည်ရှိပြီး 120mm, 60mm, 105mm နှင့် 81mm စသည့် ကျည်များကို ထုတ်လုပ်နေလျှက်ရှိရာ ကပစ(၃)ထက် ကျည်အဆပေါင်းများစွာ ထုတ်လုပ်နိုင်သည့် စက်ရုံဖြစ်ကြောင်း သိရသည်။

 

Photo: Eagle Force