မိမိကိုယ်ကိုကိုယ် ဝန်ကြီးချုပ်အဖြစ် ခန့်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒုတိယဝန်ကြီးချုပ် နေရာကို (၅)ဦးအထိ ထားရှိ

မိမိကိုယ်ကိုကိုယ် ဝန်ကြီးချုပ်အဖြစ် ခန့်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒုတိယဝန်ကြီးချုပ် နေရာကို (၅)ဦးအထိ ထားရှိ
ဖေဖော်ဝါရီ 1, 2023 | 2021 Military Coup| အခြားဒေသများ

အရပ်သားအစိုးရကို ဖမ်းဆီးပြီး အာဏာလုယူထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏ အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် (၅)ဦးအထိ ပြောင်းလဲ ထားရှိကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

နိုင်ငံ့အာဏာကိုသိမ်းယူပြီး မိမိကိုယ်ကိုယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏ ဝန်ကြီးများအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်နေရာကို ၂၀၂၂ခုနှစ်က တစ်ဦးတည်း ထားရှိရာမှ ယခု အာဏာသိမ်းကာလ (၂)နှစ်တိတိပြည့်သည့် နေ့တွင် ဒုတိယဝန်ကြီးချုပ်အား (၅)ဦးအထိ တိုးမြှင့်ထားရှိသည်ကို ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ထုတ်ပြန်ချက်တွင် ပါရှိသည့် အချက်အလက်များအရ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးတို့ကို ဒုတိယဝန်ကြီးချုပ်များအဖြစ် အာဏာခွဲဝေပေးခြင်းလည်းဖြစ်သည်။

အာဏာသိမ်းဒုတိယ စစ်ခေါင်းဆောင် စိုးဝင်း အပါအဝင် ဒုတိယဝန်ကြီးချုပ်နေရာတွင် (၅)ဦးအထိ ရှိလာခြင်း ဖြစ်သည်။