NUG ဝန်ကြီး ဒေါ်အိသဉ္ဇာမောင် KNU တပ်မဟာ(၆)ရှိ ရဲဘော်များကို သွားရောက် တွေ့ဆုံ

NUG ဝန်ကြီး ဒေါ်အိသဉ္ဇာမောင် KNU တပ်မဟာ(၆)ရှိ ရဲဘော်များကို သွားရောက် တွေ့ဆုံ

 အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူ ငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ကရင်ပြည်နယ်၊ KNU ၏ တပ်မဟာ (၆) နယ်မြေအတွင်းရှိ ရဲဘော်များအား တွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြောင်း တောင်ပိုင်း စစ်ဒေသ သတင်းနှင့် ပြန်ကြားရေးက ယနေ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဝန်ကြီးသည် တပ်မဟာ(၆)နယ်မြေအတွင်းရှိ စစ်ကြောင်းများသို့   လှည့်လည်ကာ ရဲဘော်များ၊ အမျိုးသမီးရဲဘော်များအား  တွေ့ဆုံ၍ နွေဦးတော်လှန်ရေး၏ ရှေ့ဆက် (၁) နှစ်တာ စစ်ရေးအခြေအနေများတွင် အားသွန်ခွန်စိုက်ဖြင့် သက်ဆိုင်ရာ စစ်ကြောင်းအလိုက် တာဝန်ရှိသူများ နှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ အတူတကွ ရင်ဆိုင်မည်ဖြစ်ကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့သည်ဟု သိရသည်။

ထို့အပြင် ဝန်ကြီး ဒေါ်အိသဉ္ဇာမောင်မှ နဂါးဖြူစစ်ကြောင်းအတွင်းတွင် လာရောက်ခိုလှုံနေသော အမျိုးသမီးများအား  တွေ့ဆုံကာ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁) ဦးအား ကျန်းမာရေး အထွေ ထွေအသုံးစရိတ်အတွက် ငွေကျပ် (၅)သိန်း ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: News and Information of the Southern Military Region