ဒီးမော့ဆိုမြို့နယ်အတွင်း  စစ်ကောင်စီတပ်၏ ထိန်းချုပ်နယ်မြေများကို တော်လှန်ရေးစစ်သည်တော်များက ပြန်လည်တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့ 

ဒီးမော့ဆိုမြို့နယ်အတွင်း  စစ်ကောင်စီတပ်၏ ထိန်းချုပ်နယ်မြေများကို တော်လှန်ရေးစစ်သည်တော်များက ပြန်လည်တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့ 
ဒီဇင်ဘာ 2, 2022 | 2021 Military Coup| ကယား

 ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များ ထိန်းချုပ်ထားသည့် နယ်မြေကို ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU)မှ ပြန် လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ယနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

 

အလားတူ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် KNDF၊ KA၊ KGZ၊ PDF တို့ ပူးပေါင်းတပ်ဖွဲ့များကလည်း သေးဆူလဲကျေးရွာအတွင်းတပ်စွဲထားသော စစ်ကောင်စီတို့နှင့် ထိတွေ့တိုက်ခိုက်မူဖြစ်ပွားခဲ့ပြီး နယ်မြေများအားပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုသည်။ 

ဒီးမော့ဆို့မြို့၊ ကုန်းသာကျေးရွာအတွင်း နယ်မြေများပြန်လည်ရှင်းလင်းနေစဉ် စစ်ကောင်စီတပ်များ၏ ရိက္ခာ၊ စွပ်ဗုံး၊ ကျည်ဆံနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး နယ်မြေအား မိုင်းရှင်းလင်းရေးများ ပြန်လည်ပြုလုပ်နေခဲ့ပြီဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများ ပိုမိုပြင်းထန်းလာနိုင်သောကြောင့် လက်နက် ၊ ကျည်ဆံများ ပိုမိုလှူဒါန်းပေးကြပါရန်  KRU က အကူအညီတောင်းခံထားသည်။

နိုင်ငံ့အာဏာကို လက်နက်အားကိုးဖြင့် သိမ်းယူထားသည့် စစ်တပ်သည် ပြည်သူ့ဘဏ္ဍာငွေထဲက စစ်သုံးစရိတ် ထုတ်ယူကာ တပ်ဆင်ထားသည့် လက်နက်ခဲယမ်းများဖြင့် တိုက်ခိုက်နေသည့်အတွက် ၎င်းတို့အတွက် လက်နက်ခဲယမ်းများ ပေါများနေသော်လည်း စစ်အာဏာရှင်ကို တော်လှန်နေသည့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များမှ ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့်သာ တိုက်ပွဲဝင်နေရသည့်အတွက် လက်နက်ခဲယမ်း ထောက်ပံ့ အကူအညီများ လိုအပ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။ 

#TachileikNewsAgency

Photo: KRU