ထီရိတိုက်ပွဲအတွင်း လက်နက်ချ အညံ့ခံခဲ့ကြသည့် အာဏာသိမ်းစစ်အုပ်စုတပ် နှင့် PNO အပါအဝင် (၅)ဦးကို ကောင်းမွန်စွာ ထားရှိပေးထားကြောင်း PDF သတင်းထုတ်ပြန်

ထီရိတိုက်ပွဲအတွင်း လက်နက်ချ အညံ့ခံခဲ့ကြသည့် အာဏာသိမ်းစစ်အုပ်စုတပ် နှင့် PNO အပါအဝင် (၅)ဦးကို ကောင်းမွန်စွာ ထားရှိပေးထားကြောင်း PDF သတင်းထုတ်ပြန်

ရှမ်း - ကရင်နီ(ကယား)နယ်စပ်၊ ထီရိတိုက်ပွဲအတွင်း လက်နက်ချ အညံ့ခံခဲ့ကြသည့် အာဏာသိမ်းစစ်အုပ်စုတပ် နှင့် လက်အောက်ခံ ပအိုဝ်းအမျိုးသား အစည်းအရုံး( PNO)တို့ ပါဝင်သည့် စစ်သုံ့ပန်း (၅)ဦးကို ဆေးကုသမှုပေးပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားရှိကြောင်း ဖယ်ခုံ PDF က ယနေ့ မေလ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထီရိကျေးရွာ၊ စာသင်ကျောင်းအတွင်း အခိုင်အမာ တပ်စွဲထားသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ-၁၈ တပ်နှင့် ပအိုဝ်းအမျိုးသား အစည်းအရုံး( PNO)  အဖွဲ့ကို Pekhon People Defence Force - 2  ၊ KNDF B-3 တပ်ခွဲ(၄)တို့က ၂၀၂၂ခုနှစ် မေလ(၁၂)ရက်၊ နံနက်ပိုင်းက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စခန်းသိမ်းနိုင်ခဲ့သည်။

တိုက်ပွဲမှာ တစ်နာရီခွဲခန့် ပြင်းထန်ခဲ့ပြီး စခန်းသိမ်းနိုင်ခဲ့ကာ စစ်ကောင်စီတပ်၏ ဗိုလ်မှူး နှင့် PNO အပါအဝင် (၁၅)ဦး‌သေကာ စစ်ကောင်စီတပ်သား(၂)ဦးနှင့် PNO (၃)ဦး   လက်နက်ချသဖြင့် ဖမ်းဆီးရမိခဲ့သည့် အပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။



Photo: ဖယ်ခုံ PDF